တနင်္လာရီမြို့နယ်အတွင်း ဒလန်ဆိုသူ လင်မယား သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။

တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာ အရှေ့ကမ်းတွင် နေထိုင်သည့် ဒလန်ဟုဆိုသူ ဇနီးမောင်နှံနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံရွာသားများက ပြောသည်။

သေဆုံးသွားသူများမှာ လယ်သစ်ကျေးရွာ အရှေ့ကမ်းရပ်နေထိုင်သူ အသက် ၂၉ နှစ် အရွယ် ကိုဝေဖြိုးအောင်နှင့် အသက် ၃၂ နှစ် အရွယ် မလှဝင်းတို့ဖြစ်သည်ဟု ဒေသခံရွာသားတစ်ယောက် က ပြောသည်။

ေနတ်သံက အချက်ရေများတယ်ခုနှစ်ချက် ရှစ်ချက်လောက်ရှိတယ် သူတို့မှာ အသက် ၁၂ နှစ်အရွယ် သမီးတစ်ယောက် ကျန်ခဲ့တယ် လယ်သစ်ကျေးရွာက အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ယောက် ပြောသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့၊ ည ၈ နာရီ ဝန်းကျင်အချိန်ခန့်တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက လာရောက် ပစ် ခတ်သွားခဲ့ခြင်း ဖြစ်သည်။

ပစ်သတ်ခံလိုက်ရသည့် အဆိုပါ ဇနီးမောင်နှံနှစ်ဦးသည် ကျေးရွာထဲတွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ်ရှိနေကာ ဒလန်သတင်းပေးအလုပ်ကိုလည်း လုပ်ကိုင်နေကြသူ များ ဖြစ်သည်ဟု ဒေသခံ ရွာသားများက ပြောသည်။

လယ်သစ်ကျေးရွာသည် တနင်္သာရီမြစ်၏ ချောင်းလက်တက်တစ်ခု အဝတွင်တည်ရှိပြီး အရှေ့ကမ်းရပ်နှင့် အနောက်ကမ်းရပ် ဟူ၍ နှစ်ပိုင်းခွဲခြားထားသည့် ကျေးရွာကြီးတစ်ရွာဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့တုန်းကလည်း လယ်သစ်ကျေးရွာအနီးရှိ ပဝကျေးရွာတွင်လည်း

ဒလန် ဟုဆိုသူ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး၏ နေအိမ် မီးရှို့ခံရပြီး ၎င်းအပါအဝင် မိသားစုဝင်လူလေးဦး သေဆုံးခဲ့သည်။