ထားဝယ်တွင် PDF စခန်းတစ်ခုအား စစ်ကောင်စီ တပ်ဖွဲ့များ စီးနင်း သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု  ဒေသ ခံများက ပြောသည်။

ညင်းထွေးကျေးရွာမှ စစ်ကောင်စီ တပ်အင်အား ၃၀ ခန့်ရှိ စစ်ကြောင်းတစ်ကြောင်း နှင့် ဇီးကျကျေးရွာဘက်မှ စစ်ကောင်စီတပ် အင်အား ၃၀ ခန့် စစ်ကြောင်းတစ်ကြောင်းတို့ဖြင့် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲ ဝန်း ကျင်ခန့်တွင် မောင်မယ်ရှောင်ကျေးရွာအုပ်စု ခေါင်တိုင်ပြင်ကျေးရွာအနီးရှိ PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

မနက်ပိုင်းမှာ PDF စခန်းသိမ်းခံရပြီး ညနေ ၆နာရီကျော်အချိန်မှ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ် မှုဖြစ်သေးတယ်PDFဘက်က ကျဆုံးတာ မရှိပေမယ့် ထိခိုက်မိတာမျိုးတော့ နည်းနည်းရှိတယ်ဟု အသက် ၄၅ နှစ် အရွယ် ရွာသားတစ်ဦး က ပြောသည်။

စခန်းသိမ်းပိုက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PDF တပ်ဖွဲ့ဝင်များအကြား အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညနေပိုင်း ၃ နာရီခွဲ အချိန်ခန့်အထိ လက်နက်ငယ်များဖြင့် ဆက်လက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တောင်ပေါ်လမ်းဘက်မှ တောင်အောက်တွင်ရှိနေသည့် PDF စခန်း ဘက်သို့ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ပြီး ကျေးရွာထဲဝင်လာသည့်အတွက် ခေါင်တိုင်ပြင် တစ်ရွာ လုံးနီးပါးက ဒေသခံပြည်သူများ ကြောက်လန့်ပြီး တိမ်းရှောင် ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ဆို သည်။

လက်ရှိ အချိန်တွင် ခေါင်တိုင်ပြင်ကျေးရွာမှ လူဦးရေ ၃၀၀ ကျော်ခန့် စစ်ဘေးတိမ်းရှောင် နေရသည်ဟု ဒေသခံ များ က ပြောသည်။

စစ်ဘေးရှောင်တိမ်းနေကြရသည့် ခေါင်တိုင်ပြင်ကျေးရွာက ပြည်သူများအတွက် အစားအစာ၊ ဆေးဝါးများနှင့် အဝတ်အထည်၊ စောင်၊ အနွေးထည် စသည်တို့ အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများက ဆိုသည်။

ဒီဇင်ဘာလာ ၂၂ ရက်နေ့က ခေါင်တိုင်ပြင်ကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အား ထပ် မံ ဖြည့်တင်းကာ ကင်းပုန်းများချထားသည်ဟု ဒေသခံများက ပြောသည်။

စခန်းအသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် PDF တပ်ဖွဲ့များ အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု PDFအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

ဒေသခံ PDF များ အနေဖြင့် လက်ရှိတွင် ထားဝယ်ပြောက်ကျား တော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ နှင့် ပြန်လည် စုပေါင်း ဖွဲ့စည်းထားရှိပြီး အသင့် ပြင်ဆင်ထားသည်ဟု တာဝန်ရှိသူများက ပြောသသည်။

 ရုပ်သံခေါင်တိုင်ပြင်ရွာအနီးရှိ PDF စခန်း အသိမ်းခံရပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေမှု  ရုပ်သံ။