လွတ်လပ်သော သတင်းမီဒီယာများကို လူကုန်ကူးနေသည်ဟု အပုပ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်။
မဇ္ဈိမ၊ ဧရာ၀တီ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now ၊ DVB နဲ့ RFA သတင်းဌာနတွေဟာ အရွယ်မရောက်သေးတဲ့ အမျိုး သမီးတွေကို လူကုန်ကူးပြီး ပြည့်တန်ဆာလုပ်ငန်းနဲ့ ဇိမ်ခန်းတွေထဲကို အတင်းအဓမ္မ ထိုးထည့်တယ်ဆိုပြီး Myanmar Hard Talk က Aung Min ဆိုတဲ့လူ ပြောဆိုထားတဲ့ ရုပ်သံသတင်း အမှားတစ်ခုကို (Myanmar Hard Talk) MHT News Youtube Channel မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က တင်ထားတာကို တွေ့ရပါတယ်။
မီဒီယာ အံတုမှု အစီအစဉ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်သံကို ဖန်တီးထားတာ ဖြစ်ပေမယ့် MHT Youtube Channel မှာ တင်ထားတဲ့ ရုပ်သံမှာတော့ ရုပ်သံပါ သတင်းခေါင်းစဉ်ကို မယူပဲ ပြည်ပအထောက်အပံ့ခံ သတင်းဌာနများအား လေ့လာခြင်း ဆိုပြီး တင်ထားတာကို တွေ့ရပါတယ်။
Myanmar Hard Talk မှ Aung Min ဆိုသူက “မဇ္ဈိမရယ်၊ ဧရာ၀တီရယ်၊ ခေတ်သစ်မီဒီယာရယ်၊ မြန်မာနောင်းရယ်၊ DVB သတင်းဌာနတွေက အဓိကအားဖြင့် သူတို့ ဘာလုပ်လဲဆိုတော့ လူကုန်ကူးမှုလုပ်တယ်။ အရွယ်မ ရောက်သေးတဲ့ အမျိုးသမီးငယ်များကို သတင်းလုပ်ငန်းမှာ လုပ်ကိုင်ရမယ်ဆိုပြီးတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဇိမ်ခန်း တွေနဲ့ ပြည့်တန်ဆာလုပ်ငန်းကို အတင်းတွန်းထည့်တဲ့ အလုပ်တွေ လုပ်တာကို ကျနော်တို့တွေ့ရတယ်။ ဒါ ၂၀၂၁ ခုနှစ်အတွင်းမှာပေါ့နော်” လို့ ပြောဆိုထားပါတယ်။
မဇ္ဈိမ၊ ဧရာ၀တီ၊ ခေတ်သစ်မီဒီယာ၊ မြန်မာနောင်း၊ DVB သတင်းဌာနတွေ အပြင် RFA ၊ BBC သတင်းဌာန တွေကို လည်း အဲဒီလိုမျိုး အလုပ်တွေကို လုပ်တယ်ဆိုပြီး ပြောဆိုထားတာကို ရုပ်သံထဲမှာ တွေ့ရပါတယ်။
အဲဒီသတင်းဌာနတွေဟာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးတွေကို ထိုင်းနိုင်ငံထဲကို လူကုန်ကူးမှု လုပ်ဆောင် တာအပြင် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေထဲကိုလည်း လူဦးရေ ငါးဆယ်ကျော်ကို လူကုန်ကူးခဲ့ တယ်ဆိုပြီး ပြော ဆိုထားတာကို တွေ့ရပါတယ်။
အဲဒီပြောဆိုမှုတွေဟာ သတင်းအမှားတွေသာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မဇ္ဈိမ၊ ဧရာ၀တီ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now ၊ DVB ၊ RFA ၊ BBC စတဲ့ သတင်းဌာန တွေဟာ Myanmar Hard Talk က Aung Min ဆိုသူ ပြောထားသလိုမျိုး မဟုတ်ပဲ အဲဒီသတင်းဌာနတွေဟာ လူထု အကျိုးသယ်ပိုးနေတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အပြင် ပြည်သူတွေ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေ ဖြစ်လို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် တိကျသေချာတဲ့ အထောက်အထားတွေနဲ့ ပြောဆိုတာတွေ မဟုတ်ပဲ တဖက်သားကို ထိခိုက်နစ်နာ အောင်နဲ့ အဲ့ဒီသတင်းဌာနတွေကို ပြည်သူတွေ အယုံအကြည်ကင်းမဲ့အောင် အလိမ်အညာတွေ သုံးပြီး ပြောဆို ထားတာကိုလည်း တွေ့ရပါတယ်။
တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း Aung Min ဆိုသူဟာ စစ်အာဏာမသိမ်းခင်နဲ့ စစ်အာဏာသိမ်းပြီးနောက်၊ ရွေး ကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲ ကာလအတွင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဖက်က တောက်လျှောက် မဲဆွယ်ပေးခဲ့တာကို တွေ့ခဲ့ရသလို ရွေးကောက်ပွဲ ပြီးနောက်မှာတော့ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မ တော်ကို ပြည်သူတွေထောက်ခံအောင် ပြောဆိုစည်းရုံးမှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်သူ ဖြစ်တယ် ဆိုတာ သူ့ရဲ့ ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်ချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။
ဒါ့အပြင် NLD၊ CRPH၊ NUG၊ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြည်သူတွေ အထင်အမြင် မှားအောင် သတင်းအမှားတွေကို ရုပ်သံပြုလုပ်ပြီး အတည်ပေါက် ပြောဆိုနေတာတွေကိုလည်း တွေ့ရပါတယ်။
Myanmar Hard Talk မှ Aung Min ဆိုသူက ပြည်သူတွေကို သတင်းအမှားတွေနဲ့ အယုံသွင်းဖို့ ကြိုးစားနေတဲ့ တ ဖက်မှာတော့ မဇ္ဈိမ၊ ဧရာ၀တီ၊ ခေတ်သစ်မီဒီယာ၊ မြန်မာနောင်း၊ DVB၊ RFA၊ BBC သတင်း ဌာနတွေကတော့ ပြည် သူတွေ သတင်းမှန်သိရဖို့၊ ပြည်သူတွေ မျက်စိနားပွင့်ဖို့ အမြင်ကျယ်ဖို့ အသိပညာ ဗဟုသု တရဖို့အတွက် အခက် အခဲ မျိုးစုံကြားက သတင်းတွေကို ကြိုးစားထုတ်လွှင့် တင်ပြနေတာကို သတင်းဌာနတွေရဲ့ အင်တာနက် စာမျက် နှာတွေမှာ ဝင်ကြည့်ရင် တွေ့ရပါတယ်။
မဇ္ဈိမ ဧရာ၀တီ ခောတ်သစ်မီဒီယာ မြန်မာနောင်း DVB RFA BBC https://bbc.in/3qNprXT တို့ရဲ့ သတင်းထုတ်လွှင့်ရေးသားမှုတွေကို အခုလင့်တွေကနေ ဝင်ကြည့်လို့ရပါတယ်။
အဲဒီသတင်းဌာနတွေဟာ စစ်တပ်က အာဏာမသိမ်းခင်ရော အာဏာသိမ်းပြီးတဲ့အခါမှာပါ ပြည်သူတွေ သိသင့် သိထိုက်တဲ့ သတင်းတွေကို နေ့မအား ညမနား စဉ်ဆက်မပြတ် တင်ပြပေးနေတဲ့ သတင်းဌာနတွေဖြစ်ပြီး ယုံ ကြည်စိတ်ချရတဲ့ သတင်းဌာနတွေ ဖြစ်တယ်လို့ ပြည်သူတွေက ပြောကြပါတယ်။
ဒါကြောင့် အချက်အလက်အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာ Myanmar Hard Talk က Aung Min ဆိုသူရဲ့ ရုပ် သံပါ ပြောဆိုချက်တွေဟာ လူထုကို လှည့်ဖြားဖို့အပြင် သတင်းအမှန်တင်ပြနေတဲ့ သတင်းဌာနတွေကို လူထုတွေ အထင်အမြင်သေးအောင် မကြည့်အောင် မဖတ်အောင် တဖက်သတ်စွပ်စွဲပြီး ဝါဒဖြန့် ပြောဆိုထားတာကို တွေ့ရှိ ရတဲ့အတွက် သတင်းအမှား ဖြစ်တယ်ဆိုတာ စိစစ်နိုင်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၃၁ ရက်နေ့က MHT Youtube Channel မှာ တင်ထားတဲ့ Myanmar Hard Talk က Aung Min ဆိုသူရဲ့ ရုပ်သံကို ကြည့်ရှု့သူ ခြောက်ထောင်ရှစ်ရာနီးပါး အထိရှိနေပြီး ကြိုက်နှစ်သက်သူတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် ဇန္နဝါရီလ ၂ ရက်နေ့က ရောင်နီဆိုတဲ့ Facebook စာမျက်နှာကလည်း MHT Youtube Channel မှာ တင် ထားတဲ့ အဲဒီရုပ်သံကိုပဲ သူ့ရဲ့ Facebook စာမျက်နှာမှာ ယူတင်ထားပြီး အဲဒီရုပ်သံကို ကြည်ရှု့သူ တစ်ထောင့်ငါးရာ ကျော်၊ ကြိုက်နှစ်သက်သူ လေးထောင်ကျော်နဲ့ သဘောထားမှတ်ချက်ပေးသူ လေးရာနီးပါးရှိနေတာကို တွေ့ရ ပါ တယ်။
သတင်းအမှား ဖြန့်ဝေသူတွေဟာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေကို ပြည်သူတွေ အထင်မှားအောင်၊ မထောက်ခံအောင်၊ မကူညီအောင်၊ သတင်းတွေ မကြည့်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်မမှန် သတင်း စကားတွေကို သုံးပြီး ရည်ရွယ်ချက်ရှိ ရှိ ဝါဒဖြန့်တိုက်ခိုက် ရေးသား ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။
လက်ရှိကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ သတင်းတု/သတင်းမှားတွေကို ရုပ်သံအဖြစ်သော်လည်း ကောင်း၊ သတင်းရေးသားမှုအားဖြင့် သော်လည်းကောင်း သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန် ရက် အစုံကို အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး/ နားထောင်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့် ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာတိုက်စစ်ပြီးမှ ထပ် ဆင့်ဖြန့်ဝေ ဖို့ လိုပါတယ်။