တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၀ – ၁ – ၂၂ )
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမှာ စစ်ကောင်စီတပ်ဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီအတွက် အကျိုးအမြတ်ဖြစ်စေတဲ့ မြန်မာဘီယာ၊ ဒဂုံဘီယာနဲ့ ABC ဘီယာတို့ကို သယ်ယူရောင်းဝယ်ခြင်းမပြုဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO မြစ်ကြီးနားခရိုင်က အမိန့်ထုတ်လိုက်ပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ စခန်းကုန်းတစ်ခုကို ကရင်နီ တပ်မတော်က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီက ထိုင်းနယ်စပ်အနီးမှာ လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။