စစ်တပ်နဲ့ ရဲ လိုင်းကြေးယူ ကစားဝိုင်းများ ခွင့်ပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၂ ရက်။

ဧရာဝတီတိုင်းအတွင်း မြို့နယ်အချို့ရှိ ကျေးရွာများတွင် စစ်တပ် နှင့် ရဲတပ်ဖွဲ့က လိုင်းကြေး (လာဘ်ယူ) ရယူ၍ ကြက်ဝိုင်း၊ ဖဲဝိုင်းနှင့် အခြား လောင်းကစားဝိုင်းများကို လုပ်ခွင့် ပြုပေးထားခြင်းများ ရှိနေသည်ဟု သိရသည်။

ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်အကြားရှိ ပိန္နဲကွင်းအုပ်စု၊ မရမ်းမြောင်ကျေးရွာတွင် လောင်း ကစား ဝိုင်းများကို ကွင်းကောက် စစ်တပ်မှ ကျပ် ၄ သိန်း တောင်းပြီး ကွင်းကောက် ရဲစခန်းက ကျပ် ၂ သိန်း လိုင်း ကြေယူကာ ဖွင့်ခွင့်ပြုထားသည်ဟု ဒေသခံ အချို့ က ပြောသည်။

ဖဲဝိုင်း ကြက်ဝိုင်းကစလို့ လေးကောင်ဂျင်ဝိုင်း၊ ခြောက်ကောင်ဂျင်ဝိုင်း အလယ်လှေ လောင်းတာ၊ နွားတိုက်တာ အဆုံး လောင်းကစား ဝိုင်းတွေကို လုပ်ခွင့်ပေးနေတာ” ဟု လေးမျက်နှာမြို့နယ်က ကျေးလက် ဒေသခံ တစ်ဦး က ပြောသည်။

ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ ကွင်းကောက်၊ မြန်အောင်၊ ကနောင်၊ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ သာ ပေါင်း၊ ကန်ကြီးထောင့် စသည့် မြို့နယ်များရှိ ကျေးလက် ဒေသများတွင် လောင်းကစားဝိုင်း မျိုးစုံကို လုပ်ခွင့်ပေး နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အတူ မအူပင်၊ ညောင်တုန်း နှင့် ပန်းတနော် အကြား ဆားမလောက်၊ ငှက်ပျောကျွန်း၊ မယ်ဇလီ၊ ပန်တိုင်၊ သဇင်ရေကျော်၊ မင်းခရု စသည့် ကျေးရွာများတွင်လည်း ကြက်ဝိုင်း၊ ဖဲဝိုင်း၊ ဂျင်ဝိုင်းများ အပြင် လှေလောင်းခြင်း နွားတိုက်ခြင်း အစရှိသည့် လောင်းကစားဝိုင်းများလည်း ရှိနေသည်ဟု သိရသည်။

ဖဲဝိုင်းမှာ နေ့တိုင်းနေ့တိုင်း ကြက်ဝိုင်း နှင့် ဂျင်ဝိုင်းမှာ အပတ်စဉ် စနေနေ့တွင် ချိန်းဝိုင်းအဖြစ် ကစားနေကြပြီး ရံဖန်ရံခါ လှေပွဲနှင့် နွားတိုက်ပွဲများလည်း ရှိသည်ဟု ညောင်တုန်းမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများတွင် ဒေသခံများသာမက ရန်ကုန် နှင့် အခြားမြို့များက ချိန်းထားသူများပါ  လာရောက် ကစားနေကြသည် အဆိုပါမြို့ခံ က ဆက်ပြောသည်။

ညောင်တုန်းမြို့နယ်တွင် အထိုင်တပ်နှင့် နယ်မြေရဲစခန်းကို ရက်သတ္တပါတ်လျှင် ကျပ် ၅ သိန်း ပေးရပြီး စစ်ဘက် ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ ရဲအထူး သတင်းတပ်ဖွဲ့၊ ဒုစရိုက် နှိမ်နင်းရေးတပ်ဖွဲ့တို့ကိုလည်း ပေးရသည်ဟု  လောင်း ကစားဝိုင်းများတွင် လိုင်းကြေး သိမ်းပေးသူရ အချို့ထံမှ သိရသည်။

တပ်ဖွဲ့ နယ်မြေ တာဝန်ခံ၊ နယ်ထိန်းတို့ဆို တစ်လကို တစ်ယောက် ၃ သောင်းကျပစီ ှစ်လုံး သုံးလုံးဒိုင်တွေက ပေးရတယ်” ဟု  ရဲ နှင့် စစ်တပ် အတွက် လိုင်းကြေး လိုက်သိမ်းပေးရသူ တစ်ဦးက ပြောသည်။

ဇူလိုင်လနှင့် သြဂုတ်လအတွင်းက အောက်စီဂျင်စက်ရုံ တည်ဆောက်ရန်ဟု ဆိုကာ ဧရာဝတီတိုင်း အတွင်းရှိ သာ ပေါင်း၊ ကန်ကြီးထောင့်၊ မအူပင်၊ မြောင်းမြမြို့နယ်တို့ အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေး မှူးများကလည်း လောင်းကစားဝိုင်းများ ဖွင့်ကာ ရံပုံငွေ စုဆောင်းခဲ့မှုများ ရှိခဲ့သည်။