မိုးရွာသွန်းမှုကြောင့် လေးကေ့ကော် စစ်ရှောင်များ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်။

ထိုင်း-မြန်မာနယ်စပ်သောင်းရင်းမြစ် တစ်လျှောက်တွင် စစ်ဘေးရှောင်နေကြရသည့် လေးကေ့ကော်ဒေသမှ စစ် ဘေးရှောင်များမှာ အချိန်အခါမဟုတ် မိုးရွာသွန်းလာသည့်အတွက် နေထိုင်ရေးအတွက် ခက်ခဲမှုများရှိနေသည့် အပြင် အကူအညီများလည်း အရေးအပေါ် လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။

သုံးရက်ဆက်တိုက် မိုးများအဆက်မပြတ် ရွာသွန်းလာ သည့်အတွက် စစ်ဘေးရှောင်များမှာ နေထိုင်စား သောက်ရေးအပြင် အဖက်ဖက်မှ အခက်ခဲများကို ကြုံတွေ့နေရ သည် ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောရေး ဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောသည်။

စောနန္ဒဆူးက “ဒီ ၁၇၊ ၁၈ ၊ ၁၉ အဲဒီကတည်းက မိုးကလည်း ဆက်တိုက် ရွာတဲ့ အခါကျတော့ အမိုးအကာမလုံ လောက်မှုအပေါ်မှာတော့ နေရေးထိုင်ရေး အခက်အခဲတော့ တော်တော်များများကြုံတွေ့နေရတယ် အထူးသ ဖြင့် ဒီကိုယ်ဝန်သည်တွေ မွေးကင်းစကလေးတွေပေါ့ ပြီးလို့ရှိရင် သက်ကြီးရွယ်အိုတွေ ပိုပြီးတော့မှ ခက်ခဲစေ တယ်ပေါ့။ နောက်တစ်ချက်ကကျတော့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးတဲ့ အချိန်ကျတော့ စားနပ်ရိက္ခာတွေ ဆေးဝါးထောက်ပံ့မှုတွေ ဒါဟာ အခု လက်ရှိမှာတော့ လိုအပ်လျက်ရှိတာပေါ့” ဟု ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုနိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးကလည်း ”ပြဿနာဖြစ်တာ ကတော့ ဘာဖြစ်လဲဆိုတော့ အခုက မိုးတအားရွာတော့ အဲဒါတော့ အခက်အခဲ အများကြီး ရှိတာပေါ့ ဒါကျတော့ မိုးရွာကျလိုက်တာ အဲဒါတော်တော်ဆိုးတယ် တစ်ရက်နှစ်ရက်ရှိနေပြီ” ဟု ပြောသည်။

ယခုကဲ့သို့ မိုးများ အဆက်မပြတ် ဆက်လက်ရွာသွန်းမည်ဆိုပါက စစ်ဘေးရှောင်များမှာ ပိုမိုခက်ခဲလာနိုင်သည့် အတွက် အကူအညီများလည်း လိုအပ်နေသည်ဟု စောနန္ဒဆူးက ပြောသည်။

၎င်းက “တကယ်လို့သာ ရာသီဥတု ဖောက်ပြန်မှု ဆက်ဖြစ်နေမယ် မိုးရွာသွန်းနေမယ်ဆိုလို့ရှိရင်တော့ ဒီထက်ပို မိုလုံခြုံကောင်းမွန်တဲ့ နေရာထိုင်ခင်းကတော့ လိုအပ်တယ် အမိုးအကာပေါ့နော လုံလုံလောက်လောက်လိုအပ် တယ်။ ဘာဖြစ်လဲဆိုလို့ရှိရင်တော့ မိုးက နည်းနည်းရွာသွန်းတာနဲ့ ရေကလည်း တက်တယ်ပေါ့နော။ ဆိုတဲ့အခါ ကျ တော့ ပိုပြီးတော့မှ ဒုက္ခရောက်နေကြတယ်။ အဲဒီအပေါ်မှာတော့ စစ်ဘေးရှောင်တွေ အားလုံးအတွက် လုံ လောက်တဲ့ အမိုးအကာ နေရာထိုင်ခင်းတွေ လိုအပ်တယ်။ ပြီးလို့ရှိရင်တော့ အခြေခံ စားနပ်ရိက္ခာပေါ့ အလုံ အလောက်ရရှိဖို့ လိုအပ်သလိုမျိုး ဒီလိုမျိုး မိုးရွာသွန်းမှုအပေါ်မှာ မိုးဒဏ်လေဒဏ် ခံနေရတဲ့အပေါ်မှာ ဖျားနာ မှုတွေ ဖြစ်သွားခဲ့သည်ရှိသော် ဒါဆေးဝါးထောက်ပံ့မှုလည်း အလုံအလောက် ရရှိမှုလည်း လိုအပ်နေတာပေါ့” ဟု ပြောသည်။

တစ်ဖက်တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လေးကေ့ကော်ဒေသ အနီးတဝိုက်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေပြီး ဖလူးကြီး၊ ဖလူးလေး၊ ထီးမဲ့ဝါးခီး၊ ရသေ့ဂူ စသည့် ကျေးရွာများမှ ဒေသခံများမှာလည်း ထိုင်း-မြန် မာနယ်စပ် သောင်းရင်းမြစ် တစ်လျှောက်သို့ ထပ်မံ စစ်ဘေးရှောင်လာကြရသည် ဟု ဆိုသည်။

ပဒိုစောတောနီးက “အဲဒီမှာ စခန်းတစ်ခုကျသွားတာတော့ သိမှာပေါ့ အဲဒီစခန်းကို ပြန်သိမ်းတာပဲ ရှိတယ်လေ။ ကျနော်တို့ တပ်တွေက ပြန်သိမ်းတယ်။ ပြန်သိမ်းတော့ တိုက်ပွဲဖြစ်တော့လည်း အဲဒီအနီးအနားမှာ ရှိတဲ့ IDPs တွေကလည်း ပြေးလွှားရတဲ့ အနေအထားတော့ ရှိတာပေါ့လေ။ ဖလူးလေးတို့ ဘာတို့ပေါ့ အဲဒီမှာ အနီးအနား တဝိုက်မှာ သူတို့ Camp တွေကလည်း ချထားတာရှိတယ်လေ။ ဆိုလိုတာက ဆိုဒ်လို့ခေါ်တာ အနည်းဆုံး ဆိုဒ်က ၅ ခု ထားတယ်လေ။ တစ်ကနေ ငါးအထိ အဲလိုရှိတဲ့အခါကျတော့ အဲဒီတဝိုက်ပဲနေတာများတယ်” ဟု ပြောသည်။

တိုက်ပွဲများအပြင် ယခုကဲ့သို့ ရာသီဥတု ဖောက်ပြန်မှုများ ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက စစ်ဘေးရှောင်များ အတွက် နေထိုင်စားသောက်ရေးကအစ အဖက်ဖက်တွင် ယခုထက် အခက်အခဲကြုံတွေ့လာနိုင်သည်ဟု ဆို သည်။

ထို့ကြောင့် အကူအညီပေးနေသူများနှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များက နယ်စပ်ဖြတ်ကျော် အကူအ ညီများကို ဆက်လက် ကူညီထောက်ပံ့ပေးရန်နှင့် ထိုင်းနိုင်ငံကလည်း နိုင်ငံတကာ အဖွဲ့အစည်းများကို မြန်မာနိုင်ငံ အတွင်းရှိ စစ်ဘေးရှောင်များအား သွားရောက်ကူညီခွင့်ပြုရန် အကူအညီပေးသူများက တောင်းဆိုထားကြသည်။

ဓါတ်ပုံ – CJ