ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၁၁၇)

အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့အတူ ကောင်းခါး က ဆရာမနှစ်ယောက်ရဲ့ အမှုအပါအဝင် တိုင်းရင်းသားဒေသတွေမှာဖြစ်ခဲ့တဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်တွေ၊ အမျိုးသမီးတွေအပေါ် ကျူးလွန်ခဲ့တာတွေအတွက် တရားစွဲဆိုနိုင်ဖို့ NUG က စီစဉ်ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး တရားစွဲနိုင်ဖို့ ကိစ္စရပ်တွေက တကယ်ပဲ ဖြစ်လာနိုင်လား၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ နှစ်ပေါင်း ၇၀ ကျော်က လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကို ဘယ်အဆင့်အထိ အရေးယူနိုင်မှာလဲ… စတဲ့အကြောင်း အရာတွေကို “ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်” အစီအစဉ်ကနေ စုစည်း တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပါတယ်။ အပတ်စဉ် တနင်္ဂနွေနေ့မှာ တင်ဆက်ပေးနေတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။