PDF မိန်းကလေးတွေကို တဖက်နိုင်ငံကို ရောင်းစားတယ်လို့ သတင်းမှားဖြန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်။

ငွေရေးကြေးရေးနဲ့ လက်နက်မလုံလောက်တဲ့ ကိစ္စကို ဖြေရှင်းဖို့အတွက် KNU တပ်မဟာ ၅ နယ်မြေမှာ သင် တန်းလာတက်နေတဲ့ PDF အမျိုးသမီးလေးတွေကို ထိုင်းနိုင်ငံဖက်ကို ရောင်းစားနေတယ် ဆိုတဲ့ သတင်းအမှား တစ်ခုကို Su Myat Noe ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တင်ထားပါတယ်။

“KNU တပ်မဟာ ၅ ဖက် မှာ သင်တန်းတက်နေတဲ့ PDF မိန်းကလေးများကို ထိုင်းဖက်သို့ရောင်းစားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ထားတာ ဖြစ်ပါတယ်။

Su Myat Noe က “ထိုင်းဘက်ကိုကယားဂွင်၊ ကရင် တပ်မဟာ ၅ ဂွင်ကိုဖြတ်ပြီး.. အသက်မပြည့်ငယ်ရွယ်တဲ့ အညာသူမ ရိုးရိုးအအ.PDF.မလေးတွေ ရောင်းစားခံနေရတယ်.. သတင်းကတိကျတယ်… FreeBurmaRangers.. ကကောင်တွေချိတ်ဆက်ပေးတယ် ICRC..အမျိုးသားသစ္စာ ဖောက်တွေလဲပါတယ်..PDF အကြမ်းဖက်များ ငွေ ကြေးခက်ခဲမှုနှင့် လက်နက် မလုံလောက်တဲ့ ပြဿနာများကို ဖြေရှင်း ရန်အတွက် PDFထဲဝင်ရောက်လာသည့် အသက်မပြည့်သေးသော အမျိုး သမီးငယ်တချို့ကို တရုတ်နှင့် ထိုင်းဘက်ခြမ်းတွင် လက်နက်နှင့် လဲလှယ်ခြင်း များလုပ်ဆောင်နေ သား သမီး ချင်းကိုယ်ချင်းစာလို့ တင်ပေးတာ.. ဘဲကလော်ဒုက္ခသယ်စခမ်းမရောက်ခင်.. သူတို့ဘဝတွေ ကြေမွ ဖျက်ဆီးခံ ရပြီးပြီ” ( မူရင်းအရေးအသား အတိုင်း) ဆိုပြီး ရေးသားထားတာပါ။

အဆိုပါ ရေးသားမူတွေဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ PDF တွေကို ရောင်းစားတယ်ဆိုတဲ့ ဖြစ်စဉ်ဟာ မြေပြင်မှာ တကယ်ဖြစ်ပွားခဲ့ခြင်း မရှိပဲ Su Myat Noe ဆိုသူက လိမ်ညာ ဝါဒဖြန့်ပြီးတော့ ရေးသားထားလို့ပဲဖြစ်ပါတယ်။

KNU ဗဟိုကော်မတီဝင် နိုင်ငံခြားရေးရာဌာန တာဝန်ခံ ပဒိုစောတောနီးက “လူထုရဲ့ အနေအထားက ဖြစ်ရိုးဖြစ် စဉ်ကလည်း ကျနော်တို့ လူထုကလည်း သိပ်ပြီးတော့ ခက်ခဲနက်နဲတဲ့ Critical thinking အပေါ်မှာ အားနည်း တဲ့ အပေါ်မှာ အဲဒါတွေအရရော သူတို့က မစဉ်းစားနိုင်ပဲနဲ့ ဟိုဝါဒဖြန့်မှုအောက်မှာ လိုက်ပါ ဒီလိုအနေအထားမျိုး မှာ နှစ်ပေါင်း ခြောက်ဆယ် ခုနှစ်ဆယ်လောက်ကြာခဲ့ပါပြီ သို့သော်ငြားလည်းပဲ အခု တိုးတက်လာတဲ့ ဆက်သွယ် ရေး စနစ်တွေအရ ဒါတွေကို ဘယ်လိုမှ ဝါဒဖြန့်ချီပြီးတော့ လိမ်ညာ ဖွက်ထားလို့မရဘူး အကြောင်းအရာ အား လုံးက အခုလက်ရှိ ဖြစ်နေတဲ့ လူထု အထူးသဖြင့် လူငယ်တွေရဲ့ သိမြင်နားလည်မှုက အကုန်လုံး ပြောင်းလဲသွား ပါပြီ” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ခေတ်အဆက်ဆက်မှာ တော်လှန်ရေး လုပ်နေသူတွေကို ပြည်သူတွေ အထင် အမြင်မှားအောင် သတင်းအမှားတွေနဲ့ ဝါဒဖြန့် ပြောဆိုမှုတွေဟာ ခောတ်အဆက်ဆက်မှာ ရှိခဲ့သလို အခု အချိန် မှာလည်း ရှိနေဆဲဖြစ်တယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။

တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း Su Myat Noe ဆိုသူ တင်ထားတဲ့ သတင်းဟာ မြေပြင်မှာ တကယ်ဖြစ်ခဲ့ မယ် ဆိုရင် ပြည်သူတွေ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက သတင်းရေးသားကြမှာ ဖြစ်ပေမယ့် အခုဆိုရင် ဘယ်သတင်းဌာနကမှ သတင်းရေးသားတင်ဆက်ထားတာကို မတွေ့ရပါဘူး။

ပြီးတော့ Su Myat Noe ဆိုသူ တင်ထားတဲ့ သတင်းပို့စ်ကို ကြည့်မယ်ဆိုရင်လည်း တိကျခိုင်လုံတဲ့ သက်သေ အထောက်အထားတွေပါတဲ့ ရေးသားမှုမျိုးမဟုတ်ပဲ တစ်ဖက်သားရဲ့ ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာကို ပုတ်ခတ် ရေးသားထားတာကို တွေ့ရှိရပါတယ်။

ဒါကြောင့် အချက်အလက်အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာ Su Myat Noe ရဲ့ ရေးသားမှုတွေဟာ မြေပြင်မှာ တကယ်ဖြစ်ပွားခဲ့တာ မရှိပဲ တော်လှန်ရေး လုပ်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အကူ အညီပေးနေတဲ့ အဖွဲ့တွေရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားတွေကို ထိခိုက်နစ်နာစေတဲ့ ရည်ရွယ်ချက်နဲ့ ရေးသား ထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

Su Myat Noe ဆိုသူ တင်ထားတဲ့ သတင်းပို့စ်ကို ကြိုက်နှစ်သက်သူ ၊ သဘောထားမှတ်ချက်ပေးသူနဲ့ ထပ်ဆင့်ဖြန့် ဝေသူတွေလည်း ရှိနေတာကို တွေ့ရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီအောင်၊ အားမပေးအောင်၊ ကြောက်လန့်အောင် မဟုတ်မမှန် သတင်းစကားတွေကို ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်းအမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာတိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။