တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၄ – ၃ – ၂၂ )
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားသေဆုံးဒဏ်ရာရမှုရှိခဲ့ပါတယ်။
ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အရပ်သား ၇ ယောက် သေဆုံးခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တချို့တို့ မတ်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။