တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၅ – ၄ – ၂၂ )

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူစာချုပ်တွေကိုစွဲကိုင်ပြီး စစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်မှူး ၃ ယောက်ကို စစ်စည်းကမ်းချိုးဖောက်တာကြောင့် ရာထူးကနေ အပြီးပိုင် ထုတ်ပယ်လိုက်ပါတယ်။

ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လကို နောက်ထပ် အမှုတစ်မှုနဲ့ တရားစွဲဆိုဖို့ ရှိပါတယ်။