ရွာထဲသို့ ပစ်ခတ်သော လက်နက်ကြိးကြောင်း အမျိုးသမီးတစ်ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ကျေးရွာထဲသို့ လက်နက်ကြီး ပစ်ခတ်လိုက်ခြင်းကြောင့် ရွာခံ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ကြာအင်းဆိပ်ကြီး မြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာ ရဲစခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

”ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အိမ်တစ်အိမ်ပေါ်မှာ ကျပြီး အိမ်မှာရှိနေတဲ့ လင်မယားနှစ်ယောက်လုံး ထိသွားတယ်။ အမျိုးသမီးကတော့ အဲမှာပဲ သေသွားတယ်။ အမျိုးသားက ဒဏ်ရာ အပြင်းအထန် ရထားတယ် လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဧပြီလ ၂၃ ရက်နေ့၊ နေ့လည် ၁ နာရီဝန်းကျင် အချိန်ခန့်က ခလယ်တံခွန်တိုင် ရဲစခန်းအနီးတွင် စစ်ကောင်စီတပ် နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင် ဒဏ်ရာရရှိခဲ့သည့် ဒေသခံများကို ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတွင် ပို့ဆောင်ထားသည်ဟုလည် သိရသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများက ဆိုသည်။ သို့သော် စာရင်း အတိအကျကိုမူ မသိရသေးပေ။

ဧပြီလ ၂၂ ရက်နေ့ကလည်း ခလယ်တံခွန်တိုင် ရဲစခန်းအနီးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

”တံခွန်တိုင် ရဲစခန်းမှာ ၂၂ ရက်နေ့ကလည်း ပစ်ကြတယ်။ ၂၃ ရက် နေ့လည်း ပစ်ကြတယ်။ ဘယ်အဖွဲ့က ပစ်လဲ တော့မသိဘူး” ဟု အခြားဒေသခံတစ်ဦးက ဆက်ပြောသည်။

ရဲစခန်းအနီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲစခန်းရှေ့ဖြတ်သန်းသွားလာသူများကို စခန်းတွင်းမှာ ပစ်ခတ်မှုများ ရှိနေသည် ဒေသခံများက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဘက်က စစ်အကူ လာရောက်နေခြင်းကြောင့် တိုက်ပွဲ ပြင်းထန်လာမည်ကို ဒေသခံ များက စိုးရိမ်နေကြပြီး အချို့ ကလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး ဖြစ်သည်။