တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( ၃ – ၅ – ၂၂ )

စစ်အာဏာသိမ်းကြိုးပမ်းချိန်အတွင်း ကရင်နီပြည်နယ်မှာ အရပ်သား သေဆုံးမှုဟာ ၂၅၀ ကျော်သွားပါပြီ။ 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ပ.လ.န နယ်မြေထဲမှာ ဗုဒ္ဓရုပ်ပွားတော်တွေ တည်ဆောက်နေတာကို ကချင်လူငယ်တွေ ဆက်တိုက်ကန့်ကွက်လာတဲ့ ကြားကနေပဲ အခုလည်း ထပ်ပြီးတည်နေပါတယ်။ 

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ သွားလာပြေးဆွဲနေတဲ့ယာဉ်တွေကို အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ် မီးရှို့ဖျက်ဆီးတာတွေမလုပ်ဖို့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ညွှန်ကြားစာထုတ်လိုက်ပါတယ်။