တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၀ – ၅ – ၂၂ )
ရှမ်းပြည်မြောက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး အခြေအနေက ဆက်လက်တင်းမာနေပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက ဧပြီလအတွင်း အရပ်သားနေအိမ် ၃,၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ပြောပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO က စစ်ကောင်စီခေါင်းဆောင် ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။