စစ်အာဏာသိမ်းချိန်မှ ဧပြီလအထိ နေအိမ်ပေါင်း တစ်သောင်းတစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံရဟု Data for Myanmar ပြော

Data for Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းမှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်ပေါင်း ၁၁,၄၁၇ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။