ကုလနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား စစ်ရှောင်များကို ကူညီပေးရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်။

ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု ရှိလာနိုင်ပြီး အငတ်ဘေးနှင့် ရင်ဆိုင်ရနိုင်သည့်အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများက အကူအညီပေးရန် ကရင်နီ လူမှုအသင်းအဖွဲ့ များ က တောင်းဆိုလိုက်သည်။

မေလ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် ကရင်နီပြည်နယ်၏ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြပ် အတည်း သတင်းစာရှင်းလင်းပွဲတွင် ကရင်နီ လူမှု့အသင်းအဖွဲ့များက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကရင်နီ လူအခွင့်အရေး အဖွဲ့ ဒါရိုက်တာ ကိုဗညားက “စစ်ရေးအရ နိုင်ငံရေးအရ အများကြီး သက်ဆိုင်မှုရှိ တယ်။ ကျနော်တို့ humanitarian ရှုထောင့်ကနေ ကျနော်တို့ ဒီထက်သွားပြီးတော့ လုပ်လို့မရဘူး။ လုပ်လို့ရတာ တစ်ခုက UN Agency တွေကနေ humanitarian ကို ဒီရှိသမျှ အစုအဖွဲ့တွေ အားလုံးကို သေချာ ကြေကြေလည် လည် ဆွေးနွေးပြီးတော့မှ ဒီ assistance ကိုပေးခြင်းအားဖြင့် ကျနော်တို့ လူထုတွေရဲ့ သေကြေပျက်စီးမှုကို ကာ ကွယ်ပေးလို့ရတယ်။ အဲဒါကလွဲရင် ကျနော်တို့ ဘာမှ လုပ်လို့မရဘူး။ အဲဒီတော့ နောက်ဆုံး ကျနော်တို့ လူထုရှိ တယ်။ ကျနော်တို့ လူထုတွေက အချိန်မရွေး အငတ်ဘေး အချိန်မရွေး ကလေးတွေ ကိုယ်ဝန်ဆောင်တွေ သက် ကြီးရွယ်အိုတွေ အချိန်မရွေး သေဆုံးနိုင်တယ်” ဟု ပြောသည်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများက ကရင်နီ စစ်ဘေးရှောင်များ ရင်ဆိုင် ကြုံတွေ့လာနိုင်သည့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ပြဿနာကို အမြန်ဆုံး မကူညီပေးနိုင်ပါက စစ်ဘေးရှောင် သေဆုံးမှု ပိုမိုများလာနိုင်သည် ဟု ကိုဗညား က ဆက်ပြောသည်။

၎င်းက “ဒီ စစ်ကြောင့် လက်နက်ကြီးကြောင့် တိုက်ပွဲကြောင့် သေဆုံးတဲ့ ရာခိုင်နှုန်းက နည်းသွားပြီးတော့မှ ကျ နော်တို့ ငတ်မွတ်ခေါင်းပါးမှုကြောင့် အစာအာဟာရ ပြတ်လပ်ပြီးတော့မှ သေဆုံးမှုကြောင့် အစာအာဟာရ မလုံ လောက်မှုကြောင့် ရောဂါတွေဝင်တဲ့ အချိန်မှာ ပိုပြီးတော့ အလွယ်တကူ အသက်အန္တရာယ် ဆုံးရှုံးသွား မယ့်ဟာ က ဖြစ်ကိုဖြစ်မယ်။ အဲဒါကို ကျနော်တို့ ပြောချင်တာဖြစ်တယ်။ အဲဒီဟာကို ကျနော်တို့ မကူညီနိုင်ဘူး ဆိုရင် တော့ ကျနော်တစ်ခု ပြောလို့ရတာက နိုင်ငံတကာ အဖွဲ့အစည်းဖြစ်စေ UN ဖြစ်စေ ဒါ ကျနော်တို့ ကရင်နီ ပြည် နယ်သူ ပြည်နယ်သားရဲ့ အသက်စည်းစိမ်ကို သေဆုံးမှုကို လက်သင့်ခံတယ်။ မဟုတ်ရင်လည်း ဒီဟာကို အားပေး အား မြောက်ရောက်တယ်လို့ပဲ ကျနော်ကတော့ တစ်ဖက်တစ်လမ်းကနေပဲ ကျနော်က ပြောချင်တယ်” ဟု ပြော သည်။

လက်ရှိတွင်စစ်ဘေးရှောင်များကို နိုင်ငံတကာရောက် ကရင်နီ ပြည်သူများ၊ ပြည်တွင်းပြည်ပရှိ အခြား တိုင်းရင်း သား လူမျိုးများ၊ အဖွဲ့အစည်းများ၊ လူမှုကူညီရေး အဖွဲ့အစည်း INGO များ နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနတို့က ကူညီပံ့ပိုးမှု ရှိနေသော်လည်း အကူအညီများစွာလိုအပ်နေသည်ဟု အရေးပေါ် ကူညီကယ်ဆယ်ရေး ဆက်စပ်ဆောင်ရွက်မှု အဖွဲ့ (ကရင်နီ ) က မော်သဲမာ က ပြောသည်။

မော်သဲမာက “ဒီလူထုတွေ အခက်အခဲကို ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့နော ဒီစားနပ်ရိက္ခာပိုင်း၊ ခုနက ဆရာဗညားလည်း ပြောသွားတာပေါ့နော။ ဒီနှစ်မှာဆိုလို့ရှိရင် အရင်နှစ်က လူထုက လယ်ယာမြေ သူတို့ မစိုက် နိုင်တော့ဘူး။ တောင်ယာတွေ မစိုက်နိုင်တော့ဘူးဆိုတော့ ဒီနှစ်က စားနပ်ရိက္ခာလည်း အခက်အခဲ အများကြီးရှိ လာတယ်ပေါ့နော။ အကူအညီတွေက နေရာတကာ လိုအပ်တယ်ပေါ့နော်။ အများစုက အိုးအိမ်တွေ ပျက်စီးသွား တဲ့ လူတွေ တကယ့် တောတောင်ထဲ ရပ်ရွာကို မပြန်နိုင်တဲ့လူတွေက သူတို့ တော်တော်လည်း အခက်အခဲဖြစ် ပါတယ်ပေါ့။ ပြီးတော့ ဟိုးမြို့ဖက်က ပြောင်းသွားတဲ့ လူတွေကလည်း သူတို့ကလည်း စာရင်းက တိတိကျကျ မရနိုင်ဘူးပေါ့နော်။ သူတို့လည်း အကူအညီမရဘူးပေါ့နော” ဟု ပြောသည်။

ထို့အပြင် နိုင်ငံတကာ အကူအညီပေးနေသည့် အဖွဲ့အစည်းများအနေဖြင့် စစ်ဘေးရှောင်များကို ကူညီမည်ဆို ပါ က စစ်ကောင်စီနှင့် တစ်ဖက်သတ် စေ့စပ်ညှိနှိုင်းတာမျိုး မဟုတ်ပဲ ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ လူမှုကူညီမှု ပေးနေသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ကရင်နီ လူမှုအသင်းအဖွဲ့များက တောင်းဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်းတွင် တိုက်ပွဲများကြောင့်သော်လည်းကောင်း စစ်ကောင်စီ တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု ကြောင့် သော်လည်းကောင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေး ရှောင်ဦးရေ နှစ်သိန်းကျော်ရှိသည်ဟု ကရင်နီလူမှု အသင်းအဖွဲ့ များကွန်ရက် KCSN က ခူးကိုရယ်က ပြောသည်။

စစ်ဘေးရှောင်များမှာ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် စားနပ်ရိက္ခာ ရရှိရန် လယ်နှင့် တောင်ယာ လုပ် ကိုင်ရန် အခက်အခဲများစွာနေသည့်အပြင် အကူအညီပေးနေသည့်အဖွဲ့များဆီက ကူညီထောက်ပံ့မှုမရရှိတော့ ပါက ငတ်မွတ်ခေါင်းပါးမှု ပြဿနာကို ရင်ဆိုင်ရနိုင်သည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ လိုအပ်မှုအပြင်၊ နေထိုင်ရန် အမိုးအကာများနှင့် ဆေးဝါးအကူ အညီ များစွာလိုအပ်နေသည်ဟု ဆိုသည်။

တစ်ဖက်တွင် စစ်ဘေးရှောင် စခန်းများရှိ ကလေးလူငယ်၊ သက်ကြီးရွယ်အိုများမှာလည်း အစာအာဟာရ လုံ လောက်စွာ မရရှိသည့်အတွက် ဖျားနာမှုများနှင့် ဝမ်းရောဂါဖြစ်ပွားမှုများရှိသည်ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေး ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

ထိုလိုအပ်မှုများကို မဖြည့်ဆည်းပေးနိုင်ပါက စစ်ဘေးရှောင်များမှာ အစာရေစာ ပြတ်လပ်မှုနှင့် ငတ်မွတ် ခေါင်း ပါးမှု ပြဿနာကို ကြုံတွေ့လာနိုင်သည့်အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေး နေသည့် အဖွဲ့အစည်းများက စစ်ဘေးရှောင်များကို ကူညီးပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု ကရင်နီ အရပ်ဖက်အဖွဲ့ အစည်းများက ဆိုသည်။

ဓါတ်ပုံ – Khu Reedu