ဖားကန့်တွင် လက်ပြန်ကြိုးတုတ် အသတ်ခံရသူများမှာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများ ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်။
ဖားကန့်တွင် တွေ့ရှိခဲ့သည့် နောက်ပြန်ကြိုးတုတ်ပြီး အသတ်ခံထားရသူ ၄ ဦးအနက် တစ်ဦးမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီ အချိန်ဝန်းကျင်က မမုံ-ဆွတ်အောင် ကျေးရွာအနီးရှိ ရေအေးချောင်း တံတား အောက်တွင် လက်နော်ကပြန်ကြိုးတုတ်ကာ ဦးခေါင်းတွင် ပစ်ခတ်ခံထားရသည့် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု လူမှုကူညီရေးအသင်း တာဝန်ရှိသူများက ပြောသည်။
မမုံ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က ဖုန်းဆက်အကြောင်းကြားလို့ အလောင်းသွား ကောက်တာ ခေါင်းတွေတော့ ပွင့်သွားတယ်။ လေးယောက်စလုံး ခေါင်းပွင့်နေတယ်။ ပြီးတော့ သူတို့က ပစ်ပြီး တော့မှ ကန်ချသွားတာလား မသိဘူး။ အဲ့ဒီ အောက်ထဲမှာကို ပြုတ်ကျထားတာ။ တံတားအောက်မှာ ကျောက်ခဲ တွေကြားထဲမှာ ကျနော်တို့ သွားကောက် ခဲ့ရတယ်” ဟု ပြောသည်။
သေဆုံးနေသူများမှာ မက်လင်ချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအုန်းကျော်အပါအဝင် ကိုရွှေမန်း၊ ကိုကျော်ကြား၊ ကိုမျိုးထက် တို့ လေးဦးဖြစ်သည်ဟု သိရသည်။
အုပ်ချုပ်ရေးမှူးအပါအဝင် လူလေးဦး တပြိုင်တည်း အသတ်ခံထားရသည့် ကိစ္စနှင့် ပတ်သက်၍ ဖားကန့်မြို့နယ် ရဲစခန်းအား ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
အလောင်းသွားကောက်ယူခဲ့သည့် လူမှုကူညီရေးအသင်းက တာဝန်ရှိသူ တစ်ဦးက “ကျနော်တို့က ဖုန်းဆက် အကြောင်းကြားလို့ အလောင်းသွားကောက်တာ ခေါင်းတွေတော့ ပွင့်သွားတယ်။ လေးယောက်စလုံး ခေါင်းပွင့် နေတယ်။ ပြီးတော့ သူတို့က ပစ်ပြီးတော့မှ ကန်ချသွားတာလားမသိဘူး။ အဲ့ဒီ အောက်ထဲမှာကို ပြုတ်ကျထား တာ။ တံတားအောက်မှာ ကျောက်ခဲတွေ ကြားထဲမှာ ကျနော်တို့ သွားကောက်ခဲ့ရတယ်” ဟု ပြောသည်။
သေဆုံးနေသူများသည် အသက် ၃၀ ဝန်းကျင်အရွယ်များ ဖြစ်ကြပြီး မက်လင်ချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အမြဲတမ်း အတူတူ သွားလာသူများဖြစ်သည် ဟု ဒေသခံများက ပြောသည်။
မည်သည့် အကြောင်းရင်းကြောင့် မည်သူမည်ဝါက သတ်ဖြတ်သွားသည်ကို မသိရသေးဘူးဟု မမုံနာရေးကူညီမှု အသင်း တာဝန်ရှိသူ တစ်ဦးက ဆက်ပြောသည်။
“လတ်တလောဟုတ်တယ်ဗျ။ ညပိုင်းက ပစ်ထားတာမျိုး။ မနက်ပိုင်းမှာကျတော့ နည်းနည်းတော့ သွေးတွေ တော့ ထွက်တုန်းရှိသေးတယ်။ လူကတော့ နည်းနည်းတောင့်နေပြီပေါ့နော်။ ဘယ်အဖွဲ့အစည်းက ဘာကြောင့် ပစ်တယ် ဆိုတာတော့ မသိရှိရသေးပါဘူး။”
ဖားကန့်မြို့တွင် ယခုကဲ့သို့ အုပ်ချုပ်ရေးမှူအပါအဝင် လူ ၄ ဦး တပြိုင်တည်း သတ်ခံရမှု ဖြစ်ပွားလာသည့်အတွက် ဒေသခံများက ဒေသအတွင်း လုံခြုံရေးပိုင်းမရှိသည့် အနေအထားမျိုး ဖြစ်နေသည့်အတွက် စိုးရိမ်နေကြသည်ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်နှင့် ကချင်လွပ်လပ်ရေးတပ်မတော် KIA အကြားက ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွား နေသည့် စစ်ရေးတင်းမာမှုများ၊ တိုက်ပွဲများကြောင့်လည်း ဒေသခံပြည်သူများ လက်နက်ကြီးထိမှန် သေဆုံးမှုများ ရှိနေသည့်အပြင် မေလ ၂၇ ရက်နေ့တွင်လည်းလည်း စစ်ကောင်စီတပ်နှင့် KIA အကြား တိုက်ပွဲ ဖြစ်ပွားပြီး အရပ်သားတစ်ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့သည်။
အလားတူ မေလ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဆိုင်ကယ်ရပ်ခိုင်းသည်ကို မရပ်ပေးသည့်အတွက် အရပ်သားတစ်ဦး သေနတ်နှင့် ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။
ဖားကန့်မြို့နယ်အတွင်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု၊ ဖမ်းဆီးခံရမှုများ၊ ပစ်သတ်ခံရမှုများနှင့် ဒေသ အတွင်း တရားဥပဒေစိုးမိုးမှု မရှိသည့် အနေအထားများကြောင့် ဒေသခံများက ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေကြသည်။