ကျိုုက်မရောမြို့နယ် ချောင်းနှစ်ခွ ရဲကင်း ထပ်မံ တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ တံတား ရဲကင်းဂိတ်စခန်း ယနေ့နံနက်ပိုင်းက ထပ်မံ ပစ်ခတ် တိုက်ခိုက်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ဇွန်လ ၁၄ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင် အချိန်ခန့်က ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်းကို ကရင် အမျိုး သား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ် မှုများလည်း ရှိခဲ့သည်ဟု သိရသည်။
”ပစ်ခတ်မှုဖြစ်ပြီးတော့ တံတားကို ခနပိတ်လိုက်သေးတယ်။ ပြီးတော့ ပြန်ဖွင့်ပေးလိုက်တယ်။ စစ်ဆေးမှုက တော့ တင်းကြပ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တံတားကို နှစ်နာရီနီးပါး ပိတ်ထားခဲ့သည်ဟု ခရီးသွားဒေသခံများက ပြောသည်။
အဆိုပါ ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ထိခိုက်မှု ရှိမရှိဆိုသည်ကိုမူ မသိရသေးဘူးဟု လည်း ဒေသခံတစ်ဦး က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ကလည်း ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ် ဖွဲ့ဝင်တစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ဧပြီလ ၁၆ ရက်နေ့က ချောင်းနှစ်ခွတံတားထိပ်တွင် ကင်းစောင့်နေသည့် BGF ဂိတ်စခန်းလည်း ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင်း BGF တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ချောင်းနှစ်ခွတံတားသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်ခြမ်းနှင့် မွန်ပြည်နယ် မုဒုံမြို့နယ် ဘက်ခြမ်း လမ်းပိုင်းကို ဆယ်သွယ်ထားပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ပြည်သူများ အဓိက အားထား သွားလာနေရသည့် တံတားဖြစ်သည်။