ပွင့်ဖြူတိုက်ပွဲ PDF ၁၂ ဦး ကျဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

မကွေးတိုင်း၊ ပွင့်ဖြူမြိုနယ်၊ ပုသိမ်-မုံရွာလမ်းမကြီးပေါ်ရှိ မဲဇလီတံတားထိပ်တွင် သရက်ကံမ PDF တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ တိုက်ပွဲတွင် PDF ၁၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာများနှင့် အဖမ်းခံလိုက်ရသည်ဟု သိရသည်။

ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်က လက်နက်အပြည်အစုံနှင့် အင်အား ၂၀ ခန့်ပါ သရက် PDF တပ်ဖွဲ့ ဝင် များ စီလားသည့် ကားကို မဲဇလီတံတားထိပ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံခြင့် ဆီးကြို တိုက်ခိုက်ခဲ့ဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

“မနက်စောစောစီးစီး ပစ်ကြခတ်ကြ သံကြားတယ်။ ဗုံးပေါက်သံတွေ များတယ်။ ချောင်းကြည့်တော့ ဖောကား အနီ မီးလောင်နေတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် ပတ်သက်၍ ”အခု မဲဇလီတံတားက မင်းတုန်းနယ်ထဲက မဟုတ်ဘူး။ အရင်က ကြိုးတံတားနေရာ ပွင့်ဖြူနယ်ထဲက ဆည် တော်ဆည် ရှိတယ်” ဟု ပွင့်ဖြူဒေသခံတစ်ဦး က ပြောသည်။

ထိုတိုက်ပွဲတွင် PDF အဖွဲ့က ကာကွယ်ရေးတပ်သား ၆ ဦး လက်နက်များနှင့်အတူ လွတ်မြောက်လာခဲ့ပြီးနောက် ကားမှာ မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ သိမ်းဆည်းရမိသည့် လက်နက်စာရင်းတွင် AK သေနတ်၂၅ လက် အနက် ၁၉ လက် ပျက်စီး၊ ၆ လက်အကောင်းနှင့် ၄၀ မမ လောင်ချာ အပျက်တလက် သိမ်းဆည်းရမိသည်ဟု ရဲကြေးနန်းတွင် ဖော်ပြထား ကြောင်းသိရသည်။

PDF အဖွဲ့ဝင်များ လိုက်ပါလာသည့် ကားသည် စလင်း-ကံပြားလမ်းဘက်မှ လာရောက်ခြင်း ဖြစ်ပြီး ဆည်တော် ကျေးရွာဘက်ခြမ်း တံတားထိပ်တစ်နေရာတွင် လက်နက်ကြီးဖြင့် စတင်တိုက်ခိုက်ခံရခြင်း ဖြစ်သည် ဟု သိရသည်။

စစ်တပ်၏ ဝါဒဖြန့်သတင်းများတွင် ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီး၊ မဲဇလီတံတားပေါ်တွင် PDF အဖွဲ့များ ပါသည့် ကားအား စစ်ကောင်စီအဖွဲ့များက ဇွန် ၂၂ ရက်နေ့တွင် သတင်းအရ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြ ထားသည်ကို တွေ့ရသည်။

PDF များစီးလာသည့် ကားပေါ်တွင် ဗုံးနှင့်လက်နက်အပြည့်အစုံပါပြီး စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဝါဒဖြန့်ရေးသားထားသည်။

ထိုအပြင် အဆိုပါ ပေါက်ကွဲမှုအတွင်း အထိအခိုက်များခဲ့သည်ဟု စစ်တပ်ဝါဒဖြန့် သတင်းများတွင် ဖော်ပြနေကြ သည်။