စစ်ကောင်စီ တပ်များက လိင်အကြမ်းဖက်မှုများ ကျူးလွန်ဟု NUG ပြော
စစ်အာဏာသိမ်းပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စစ်ကောင်စီတပ်က ဒေသခံ ပြည်သူလူထုများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁၇ ကြိမ် ကျူးလွန်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။