ကျေးရွာ အုပ်ချုပ်ရေးမှူး သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်။
ဂေါ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှတင်ဆိုသူသည် ဇူလိုင်လ ၁၅ ရက်နေ့၊ ညနေ ၅ နာရီ အချိန်ခန့်က ပစ်သတ်ခံ ရခြင်း ဖြစ်သည်။
”မနေ့(ဇူလိုင် ၁၅) ညနေပိုင်းလောက်မှာ ပစ်ခတ်ခံရတယ်။ လမ်းမှာ ပစ်ခံရတယ်။ ခုနှစ်ချက်လောက် ပစ်ခံရ တယ်လို့ သိရတယ်” ဟု သထုံ ဒေသခံတစ်ဦးက ပြောသည်။
ဂေါ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှတင့်ကို သထုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ၎င်းတို့က သုတ်သင်ရှင်းလင်းခဲ့ ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ဦးလှတင့်သည် ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ စစ်ကောင်စီ သတင်းပေးလုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် ဦးလှတင့်၏ သတင်းပေးမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များနှင့် တက်ကြွ လှုပ် ရှားသူ လူငယ်များအား စစ်ကောင်စီတပ်က လိုက်လံ ထောက်လှမ်းဖမ်းဆီးမှုများ လုပ်ဆောင်ခံနေရခြင်း ကြောင့် ယခုကဲ့သို့ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု လည်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြို့နယ်အတွင်းရှိ စစ်ကောင်စီ ထောက်တိုင် အုပ်ချုပ်ရေးမှူးများအား ပြည် သူနှင့် ပူးပေါင်းရန် ထုတ်ပြန်ထားပြီး မပူးပေါင်းပဲ ဆက်လက်ခေါင်းမာနေမည်ဆိုပါက ရှင်းလင်းမှုများ လုပ် ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။