တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၈ – ၇ – ၂၂ )

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။  

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေမှာ ပြီးခဲ့တဲ့ ခြောက်လအတွင်း စစ်ကောင်စီဘက်က လူနှစ်ထောင်ကျော် သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF  ဖွဲ့စည်းတည်ထောင်လာတာ တစ်နှစ်ပြည့်ချိန်မှာတော့ အမျိုးသမီးကာကွယ်ရေးတပ်ခွဲတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။