သံဖြူဇရပ်တွင် NLD မြို့နယ် အလုပ်အမှူဆောင်နေအိမ်ကို ချိပ်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အလုပ်အမှုဆောင် ၏ နေအိမ် တစ်လုံး အပါအဝင် နေအိမ် ၃ လုံးကို စစ်ကောင်စီက ထပ်မံချိပ်ပိတ်လိုက်သည်ဟု သိရသည်။

သံဖြူဇရပ်မြို့နယ်ရှိ NLD ပါတီ အလုပ်အမှုဆောင် ဦးမင်းအောင်၏ နေအိမ်နှင့် သံဖြူဇရပ်မြို့က ကိုရဲလင်းထွန်း၊ ကိုပိုင်စိုး နေအိမ်တို့ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။

”သူတို့ကို အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်ဆိုပြီး စစ်ကောင်စီက သူတို့ရဲ့ အိမ်တွေကို လာချိပ် ပိတ်သွားတယ်။ နိုင်ငံတော်က သိမ်းဆည်းလိုက်ကြောင်း စာလာကပ်ထားတယ်” ဟု NLD ပါတီနှင့် နီးစပ်သည့် မြို့ခံတစ်ဦး က ပြောသည်။

NLD ပါတီ မြို့နယ်အလုပ်မှုဆောင် ဦးမင်းအောင်နှင့် ကိုရဲလင်းထွန်း ကိုပိုင်စိုးတို့သည် အကြမ်းဖက် အဖွဲ့အစည်း များနှင့် ပတ်သက်ဆက်စပ်သည်ဟုဆိုကာ ဇူလိုင်လ ၂၁ ရက်နေ့က ၎င်းတို့၏ နေအိမ်များကို စစ်ကောင်စီက ချိပ် ပိတ်လိုက်ခြင်း ဖြစ်သည်။

နေအိမ်ချိပ်ပိတ်ခံလိုက်ရသည့် ကိုမင်းအောင်၊ ကိုရဲလင်းထွန်းနှင့် ကိုပိုင်စိုးတို့သည် စစ်တပ်က အာဏာသိမ်းပြီး နောက် စစ်အာဏာရှင်ဆန့်ကျင်မှုဖြင့် အမှုဖွင့်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း သိရ သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ပေါင်နှင့် မုဒုံမြို့နယ်တို့ အတွင်းရှိ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် အချို့တို့၏ နေအိမ်များ ချိပ်ပိတ်ခံခဲ့ရသည်။

ထို့အပြင် ပြည်နယ်အတွင်းရှိ NLD ပါတီဝင်နှင့် NLD ပါတီ ထောက်ခံသူအချို့တို့၏ နေအိမ်နှင့် စျေးဆိုင်ခန်း များ လည်း ချိပ်ပိတ်ခံရမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ NLD ပါတီဝင်အချို့တို့ကို နိုင်ငံတော်အကြည်ညို ပျက် စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ နှင့် အဂတိလိုက်စားမှု ပုဒ်မ ၅၅ တို့ အပြင် အခြားသော ပုဒ်မသီးသီးတို့ဖြင့် အမှုဖွင့်ခံထားရပြီး အများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။