တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁ – ၈ – ၂၀၂၂ )

နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို သေဒဏ်ပေးကွပ်မျက်လိုက်တဲ့အပေါ် ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ချင်းမိုင်မှာရှိတဲ့ မြန်မာနိုင်ငံကတိုင်းရင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။ 

ကော်သူးလေတပ်မတော်ဖွဲ့စည်းတာနဲ့ပတ်သက်ပြီး သဘောထားကြီးကြီးနဲ့ ညှိနှိုင်းဖြေရှင်းကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်းက ဒုက္ခသည်တွေဟာ ကာလကြာရှည် နေရပ်မပြန်နိုင်တာကြောင့် ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်ထဲကို ပြောင်းရွှေ့အခြေချဖို့ ဆုံးဖြတ်လိုက်ပါတယ်။