တိုင်းရင်းသားဘာသာ သတင်းအစီအစဉ် ( ၁၅ – ၈ – ၂၀၂၂ )

ကချင်ပြည်နယ် ဖားကန့်ဒေသ ဆယ်ဇင်းရွာမှာ စစ်ကောင်စီ၊ ရှမ်းနီအမျိုးသားတပ်မတော်ပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်၊ ကချင်ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက မီးရှို့တာကြောင့် အိမ်ခြေ ၄၀၀ လောက် မီးလောင်ခဲ့ပါတယ်။ 

ကရင်ပြည်နယ်မှာတော့ နယ်ခြားစောင့်တပ်ဖွဲ့တွေက စစ်ရှောင်စခန်းတွေ မှာ လူသစ်စုဆောင်းနေပါတယ်။ 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စားနပ်ရိက္ခာထောက်ပံ့မှုတွေ ရပ်လိုက်တဲ့အတွက် ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီးဒေသက စစ်ဘေးရှောင် ၂၅၀ ကျော် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။