NCA စာချုပ်အပေါ် KNU ရပ်တည်မှု မပြတ်သားဟု စောနယ်ဒါးဘိုမြ ဝေဖန်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပျယ်ပြယ်ခြင်း ရှိမရှိကို ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင် သဘောထားထုတ်ပြန်သင့်တယ်လို့ မကြာခင်က ကော်သူးလေတပ်မတော် တည်ထောင်သူ ဗိုလ်ချုပ် စောနယ်ဒါးဘိုမြက ပြောဆိုလိုက်ပါတယ်။