ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက PPST ရဲ့ ဦးဆောင်နာယက ရာထူးကို တကယ်လက်ခံလိုက်တာလား။
ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက PPST ရဲ့ ဦးဆောင်နာယက တာဝန်ကို တာဝန်ယူလုပ်ဆောင်မယ်ဆိုတဲ့ စာတစ်စောင်ဟာ အခုရက်ပိုင်းအတွင်း Facebook လူမှုကွန်ရက် စာမျက်နှာမှာ ပြန့်နှံ့လာတာကို တွေ့ရပါတယ်။
အဲဒီစာအရ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက PPST ရဲ့ စောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန် (TOR) အရ အဖွဲ့အစည်းကို ကိုယ်စားမပြုပဲ PPST ရဲ့ ဦးဆောင်နာယက တာဝန်ကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
PPST က ဘာကြောင့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကို ဦးဆောင်နာယက တာဝန်ပေးအပ်ဖို့ ဖြစ်လာတာလဲ၊ ဦးဆောင်နာယက ရဲ့ လုပ်ငန်းတာဝန်တွေက ဘာတွေလဲ၊ စတာတွေကို PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွှန့်ကို သတင်းနှင့်မီဒီယာ ကွန်ရက် (NMG) က ဆက်သွယ်မေးမြန်းထားပါတယ်။