ဘီးလင်းရဲစခန်းအား ဒရုန်းဖြင့် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။

ဘီးလင်းမြို့ မြို့မရဲစခန်းကို ကြာသပတေးနံနက် နံနက် ၉ နာရီ အချိန်ခန့်က ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည် ဟု ဒေသခံများက ပြောသည်။

မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုတော့ မသိရ သေးကြောင်း ဒေသခံများက ပြောသည်။

”ရဲစခန်းကို ဒရုန်းနဲ့ လာတိုက်ခိုက်တာ။ တိုက်ခိုက်ခံရပြီးတော့ ရဲစခန်းမှာ သေနတ်ပစ်သံတွေလည်း ကြားရ တယ်။ ရဲစခန်းက ပစ်တယ်လို့ထင်တယ်။ ထိခိုက်မှုအခြေအနေကတော့ ဘာမှမကြားရဘူး” ဟု ဒေသခံတစ်ဦး က ပြောသည်။

ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နာရီပိုင်းအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများ လုပ် ဆောင်ခဲ့သည်။

မွန်ပြည်နယ် ဘီးလင်း မြို့မရဲစခန်း တိုက်ခိုက်မှုဖြစ်စဥ်တွင် ရဲတပ်ဖွဲ့ဝင် ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မတ်လတုန်းကလည်း ဘီးလင်း မြို့မရဲစခန်း ဒရုန်းဖြင့် တစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိခဲ့သည်။