ရေဖြူက သတင်းပေး ဆိုသူ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။
ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးရွာတရွာက စစ်ကောင်စီသတင်းပေးဟု ဆိုသူ အမျိုးသားနှစ်ဦး သေနတ် ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု သိရသည်။
ပုဂေါဇွန်းကျေးရွာက အသက် ၃၅ နှစ်အရွယ် ဦးစောမင်းထွေး နေအိမ်တွင် ရှိနေစဉ် ဆိုင်ကယ်များဖြင့် လူ ၅ ဦးရောက်ရှိလာပြီး သေ နတ်ဖြင့် ပစ်ခတ်သဖြင့် ဦးခေါင်းနှင့် လည်ပင်းတို့တွင် ကျည်လေးချက်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားသည်ဟု ရွာသားများက ပြောသည်။
“ညက အစောကြီးပဲသေး ရွာထဲ သေနတ်ပစ်သံတွေကြားရတာ။ မိုးလင်းမှ ဘယ်သူဘယ်ဝါတွေ ပစ်ခံရတယ် ဆိုတာ သိရတယ်။ အလောင်းတွေကိုတော့ မိသားစုဝင်တွေက သူတို့အိမ်တွေမှာပဲထားပြီး နာရေးလုပ်ပေး ကြ တယ်” ဟု ရွာသားတစ်ဦးက ပြောသည်။
သစ်တိုထောင့်ကျေးရွာသား တစ်ဦးဖြစ်သူ ဦးစောမင်းထွေးသည် ပုဂေါဇွန်းရွာသူနှင့် အိမ်ထောင်ကျပြီး ဆောက်
လုပ်ရေး လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး သေဆုံးချိန်တွင် ဇနီးနှင့် ၅ နှစ် အရွယ် သမီးတစ်ဦးကျန်ရစ်သည်။
ထိုသို့ ဦးစောမင်းထွေး ပစ်ခတ်ခံရပြီးနောက် မိနစ်အနည်းငယ်အကြာတွင်လည်း ဦးရဲမြင့်ဦး ဆိုသူ ထပ်မံပစ်ခတ်ခံ ရကာ ရင်ဘတ်တွင် တစ်ချက်၊ လည်ပင်းတွင် တစ်ချက် ကျည်ထိမှန်ပြီး ၎င်းနေအိမ်အတွင်းပင် သေဆုံးသွားခဲ့ သည်။
သေဆုံးသွားသူ ဦးစောမင်းထွေး နှင့် ဦးရဲမြင့်ဦးတို့ နှစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ စစ်အာဏာရှင် ဆန့် ကျင်ရေးတွင် ပါဝင်ဆန္ဒပြသူများကို ထောက်လှမ်း၍ နောက်ကွယ်မှ သတင်းပေးပို့နေခြင်းများအပြင် တော်လှန် ရေးအင်အားစုများနှင့် သက်ဆိုင်သူများ၏ နေအိမ်တို့ကိုလည်း ညွှန်ပြပေးခြင်းများ ပြုလုပ်လေ့ ရှိသည်ဟု ရွာ သားများက ပြောသည်။
ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး၊ သွေးသောက်အဖွဲ့များနှင့် သတင်းပေးများကို
၎င်းတို့၏ လုပ်ရပ်များမှ ရပ်တန့်ရန်နှင့် နှုတ်ထွက်ကြရန် PDF အဖွဲ့များက သတိပေး ထုတ်ပြန်ပြီးနောက် သြဂုတ် လ ၂၄ ရက်နေ့ မှ ၂၇ ရက်နေ့ အထိ လေးရက်အတွင်း အမျိုးသား ၅ ဦး ပစ်သတ်ခံခဲ့ ရသည်။