တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၂ – ၉ – ၂၂ )

ကရင့်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေအတွင်း ဩဂုတ်လ တစ်လအတွင်းမှာ စစ်ကောင်စီနဲ့ ကရင်ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၂၆၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ 

ကချင်ပြည်နယ် တနိုင်းဒေသက စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ ပြည်နယ်ကောင်စီက မြို့နယ်ကို အကြောင်းကြားလာပါတယ်။ 

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က လတ်တလော စစ်သားသစ်စုဆောင်းတာတွေ ရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။