နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်။ 

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း နယ်ထိန်းရဲတစ်ဦး ဗုဒ္ဓဟူးနေ့က ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

လမိုင်းမြို့က နယ်ထိန်းရဲ အောင်ကျော်မင်းဆိုသူ စက်တင်ဘာ ၂၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီ အချိန်ဝန်းကျင်ခန့်က ပစ် သတ်ခံရခြင်း ဖြစ်သည်။

ပစ်ခတ်ခံရတာက မော့ကနင်က ကားပြင်ဆိုင်မှာလို့ သိရတယ်။ သေနတ်ဒဏ်ရာတွေနဲ့ ပစ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ် ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ နယ်ထိန်းရဲအောင်ကျော်မင်းသည် လမိုင်းမြို့နယ် မော့ကနင်းကျေးရွာတွင်ရောက်ရှိနေစဥ် ပစ်သတ်ခံ လိုက်ရခြင်း ဖြစ်သည်ဟုလည်း သိရသည်။

လမိုင်းမြို့က နယ်ထိန်းရဲ အောင်ကျော်မင်းကို သေနတ့်ဖြင့် ၁၆ ချက် ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ရေးဘီးလူး အဖွဲ့က ထုတ်ပြန်ထားသည်။

နယ်ထိန်းရဲ အောင်ကျော်မင်းသည် သြဂုတ်လ ၃ ရက်နေ့က လမိုင်း ပရဟိတလူငယ် ပစ်သတ်ခံရသည့် ဖြစ်စဥ် တွင် အဓိကပါဝင်ခဲ့သူ ဖြစ်သည့်အတွက် ယခုကဲ့သို့ ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟုလည်း ရေးဘီလူးအဖွဲ့ ထုတ်ပြန်ပြောဆိုထားသည်။

စက်တင်ဘာ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီ သတင်းပေးဆိုသည့် ရေးမြို့နယ် အစင်ကျေးရွာသားတစ်ဦးကို ရေးဘီးလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။

ရှေ့ဆက်လည်း ရေးမြို့နယ်အတွင်း စစ်ကောင်စီအား သတင်းပေးပြီး ဒလန်လုပ်နေသူများကို ဆက်လက် ရှင်း လင်းသွားမည်ဟု ရေးဘီးလူးအဖွဲ့က ထုန်ပြန်ထားသည်။

ထို့အပြင် ရေးမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများနှင့် CDM မလုပ်သော ဝန်ထမ်းများအားလုံး  အမြန်ဆုံး လုပ်ငန်းတာဝန်များမှ နှုတ်ထွက်ကြရန်လည်း ရေးဘီးဘူးအဖွဲ့က စက်တင်ဘာ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်သားဝန်ထမ်းများ၊ စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံထားရသူများကို မကြာခန ပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းနှင့် မြို့ဝင်/ထွက် တံတား စစ်ဆေးရေးဂိတ် နေရာများကိုလည်း မကြာခဋ္ဌ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

အလားတူ စစ်ကောင်စီဘက်ကလည်း ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေ ပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။