တိုင်းရင်းသား ဘာသာသတင်း အစီအစဉ် ( ၃ – ၁၀ – ၂၂ )
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်မှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့မှာ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးတွေကြောင့် ၂ ပတ်အတွင်း အရပ်သား ၁၁ ယောက်သေဆုံးခဲ့ပါတယ်။
အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီတော်မူတဲ့ ပွဲတော်အခမ်းအနားကို ထုံးတမ်းအစဉ်လာမပျက် အကျဉ်းချုံး ကျင်းပခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။