လောင်းလုံးတွင် ပျူစောထီးတစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း လက်နက်ကိုင်ကာ ပြည်သူများကို ခြိမ်းခြောက်လေ့ရှိသူ ပျူစောထီး တစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာနှင့် ကထောင်းနီကျေးရွာသွား လမ်းပိုင်းရှိ တံတားအနီးတွင် လက်နက် ကိုင်ကာ ပြည်သူများကို ခြိမ်းခြောက်လေ့ရှိသူ ပျူစောထီးအဖွဲ့ဝင် ကိုထွန်းနိုင်၊ အသက် ၄၀ နှစ်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
“သူက ရွာမှာ ပျူစောထီးသင်တန်းလည်း တက်ထားတယ်။ လက်နက်လည်း ကိုင်ဆောင်ထားတတ်ပြီး မူးလာရင် ပိုဆိုးတယ်။ ဘယ်သူ့မှ မကြောက်ဘူး။ အကုန် စစ်တပ်ခေါ် ဖမ်းခိုင်းမယ်ဆိုပြီး ငယ်ကျိုးငယ်နာဖေါ် ဆဲဆိုကြိမ်း
မောင်း ခြိမ်းခြောက်တတ်တယ်” ဟု ကထောင်နီကျေးရွာမှ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြော သည်။
လွန်ခဲ့သည့် ၄ နှစ်ခန့် စပြီး ကထောင်းနီကျေးရွာတွင် လာ၍ ကျဘမ်းလုပ်ကိုင်သည့် ကိုထွန်းနိုင် ကို လူ ၃ ဦးက အောက်တိုဘာ ၁၅ ရက်နေ့၊ ညနေ ၅နာရီခွဲခန့်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခေါင်း၊ လည်ပင်းနှင့် ရင်ဘတ်တို့ တွင် ကျည်ထိမှန်ပြီးနေရာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသွားသူ ကိုထွန်းနိုင်ကို လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ၎င်းရွာ လမ်းပိုင်းတွင် ပစ်ခတ် ရှင်းလင်းထားခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန် ထားသည်။
ကိုထွန်းနိုင်ကို ပစ်ခတ်ရှင်းလင်းစဉ်က တူမီးသေနတ် ၁ လက်၊ လက်ရိုက်တုတ် ၁ ချောင်း၊ WY တံဆိပ်ပါ ပန်း ရောင် စိတ်ကြွမူးယစ်ဆေးဝါး ၂၄ ပြား၊ ဖုန်း ၂လုံး နှင့် ငွေကျပ် ၃၀၀၀ ကျပ်ကိုလည်း LLPDF အဖွဲ့က သိမ်းဆည်း ရမိခဲ့သည်ဟု ရေးသားဖော်ပြထားသည်။
ထုတ်ပြန်ချက်အတွင်း ပျူစောထီး၊ စစ်ကောင်စီထောက်တိုင်၊ သတင်းပေး ဒလန်များအား အမြန်ဆုံး အသိတ
ရားရပြီး အလင်းဝင်ပေးပါရန် နှင့် လိုက်နာခြင်းမရှိပါက အလျင်းသင့်သလို အမြန်ဆုံး ချေမှုန်းရှင်းလင်းသွား မည်ဟု လောင်းလုံး LLPDFအဖွဲ့က သတိပေးထားသည်။