ကြံခင်း ကြံ့ဖွံ့ရုံး ဗုံးခွဲခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့က စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး ဗုံးခွဲတိုက်ခိုက်ခံလိုက်ရ သည်ဟု ဒေသခံများက ပြောသည်။

ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ သာယာ ၅ လမ်းရှိ စစ်ကောင်စီ၏ စရဖရုံး အောက်တိုဘာလ ၂၂ ရက်နေ့၊ ညပိုင်း က ဗုံးခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

မြို့ခံ သတင်းအရင်းအမြစ် တစ်ဦး က “စရဖ ရုံးဖက်က ပေါက်ကွဲသံ ကြားရတယ်။ စစ်တပ်နဲ့ ရဲတွေက အဲ့ဒီက လမ်းကိုပိတ်ပြီး စစ်ဆေးကြတယ်” ဟု ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် ညက စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့များက လမ်းသွားလမ်းသွား အချို့ကို တားမြစ် စစ်ဆေးခဲ့သည့်အပြင် နှင့် မြို့မရပ်ကွက်အတွင်းလည်း ဧည့်စာရင်းဝင်စစ်ကာ မသင်္ကာသူ အချို့ကို ဖမ်း ထား သည်ဟု အဆိုပါ မြို့ခံက ပြောသည်။

သို့သော် လူဦးရေ မည်မျှ ဖမ်းဆီးခံထားရသည်ကို အတိအကျမသိရသေးဘူးဟု ဆိုသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို အောက်တိုဘာ ၂၂ ရက်နေ့၊ ည ၉ နာရီ ၃၅ မိနစ် အချိန်ခန့်တွင် ၎င်းတို့၏တပ်ဖွဲ့ဝင်များက ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု သတင်း ထုတ် ပြန်သည်။

ဒေသခံပြည်သူများ၊ ဆန္ဒပြသူများ၊ CDMဝန်ထမ်းများ၊ တော်လှန်ရေး ထောက်ပို့များ နှင့် တော်လှန်ရေးသမား များ ကို အမျိုးမျိုး ဟန့်တားနှောက်ယှက်နေခြင်းတို့ကြောင့် သွားရောက်တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု သတင်း ထုတ် ပြန်ချက်ထဲတွင်ပါ ရှိသည်။

ဧရာဝတီမြို့ပြ စစ်ရေးတာဝန်ခံ က “ဒါဟာ ကြံခင်းမြို့အတွက် ဒုတိယအကြိမ်မြောက်စစ်ဆင်ရေးဖြစ်တယ်” ဟု ပြောသည်။

ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် အဆိုပါ ဖောက်ခွဲမှုကို အောင်မြင်စွာ လုပ်နိုင်ခဲ့ပြီး လှုပ်ရှားမှုမှာ ပါဝင်သူများမှာ လုံခြုံသည့် နေရာသို့ ပြန်လည် ရောက်ရှိနေပြီဟုလည်း ဆိုသည်။

ပထမအကြိမ်အဖြစ် အောက်တိုဘာလ ၆ ရက်နေ့က ကြံခင်းမြို့နယ်၊ တလိုင်းကွင်းအုပ်စု၊ ပန်းရံစုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး ဗုံးကွဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ထိခိုက်သေဆုံးမှု ရှိ မရှိ အခြေအနေကို သတင်းနှင့် မီဒီယာကွန်ရက် သတင်းဌာန က စုံစမ်းနေဆဲ ဖြစ်သည်။