ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်က လေယာဉ် ၆ စီးနဲ့ လာရောက်ပစ်ခတ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိနာနေတဲ့အတွက် လေယာဉ် ၆ စီးလောက်နဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။