ထားဝယ်ထောင်တွင် ထောင်ဝင်စာကို စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြန်လည် လက်ခံမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။

ထားဝယ်အကျဉ်းထောင် အတွင်းသို့ နှစ်ပတ်နီးပါးကြာ ပိတ်ထားခဲ့သည့် ထောင်ဝင်စာပါဆယ်ပို့ခွင့်ကို စည်း
ကမ်းသတ်မှတ်ချက်များဖြင့် ပြန်လည်လက်ခံပေးသွားမည်ဟု အကျဉ်းထောင်ရှေ့ ကြော်ငြာသင်ပုန်းတွင် ရေး သား ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ထားဝယ်အကျဉ်းထောင်ရှေ့ရှိ ကြော်ငြာသင်ပုန်းတွင် သတင်း ထုတ် ပြန်ထားခြင်း ဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့မှ စတင်ကာ လက်ခံပေးသွားမည်ဟု ရေးသားထား သည်။

နိုင်ငံရေးအကျဉ်းသား တစ်ဦး၏ မိသားစုဝင်တစ်ဦးက “ပါဆယ်ပို့ခွင့် ပြန်ဖွင့်ပေးတော့မယ်ဆိုတော့ ဝမ်းသာမိ ပေမယ့် နယ်ဝေးကသူတွေ၊ အဖိုးကြီး အဖွားကြီးတွေ ကိုယ်တိုင်မလာနိုင်လို့ လူကြုံပေးပို့သူတွေက စည်းကမ်း ချက်တွေကြောင့် အခက်အခဲကြုံရတော့မှာက စိတ်မကောင်းစရာပါပဲ” ဟု ပြောသည်။

ထောင်ဝင်စာ လာပို့သည့် ပစ္စည်းများကို အောက်တိုဘာ ၃၁ရက် (တနင်္လာနေ့)မှ စတင်ကာ သတ်မှတ်ထားသည့် စည်းကမ်းချက်များဖြင့် အညီသာ လက်ခံသွားမည်ဟု ထားဝယ်အကျဉ်းထောင်ရှေ့ ကြော်ငြာသင်ပုန်းတွင် ရေး သားထားသည်။

အဆိုပါ စည်းကမ်း သတ်မှတ်ချက်များအတွင်း ထောင်ဝင်စာ ပါဆယ်ပို့သူ၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ အကျဉ်းသားနှင့် ဆွေမျိုးတော်စပ်ကြောင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာအပြင် သက် ဆိုင်ရာ ရဲစခန်းထောက်ခံစာများ စုံလင်စွာ ပါရှိမှသာလျှင် ပစ္စည်းပို့ခွင့်ရရှိမည်ဟု ဖေါ်ပြထားသည်။

ထို့အပြင် ထောင်တွင်းသို့ ပေးပို့မည့် ပစ္စည်းအမျိုးအစား၊ အလေးချိန် ပမာဏများကိုပါ ကန့်သတ်ထားသည့် အပြင် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူ တစ်ဦးအတွက် တစ်ပတ်လျှင် တစ်ကြိမ်သာ ခွင့်ပြုမည် ဖြစ်ကြောင်းလည်း ရေးသားထုတ်ပြန် အသိပေးထားသည်။

ယခင်က ပါဆယ်ပစ္စည်းထုတ်များထဲတွင် ငွေကြေးနှင့် မူးယစ်ဆေးဝါးများ ပါမပါကိုသာ အဓိကထား စစ်ဆေးမှု များသာ ရှိခဲ့ပြီး ယခုကဲ့သို့ လူကို အတင်းအကြပ် စည်းကမ်းချက်များဖြင့် စစ်ဆေးတားမြစ်သည်မျိုး မရှိခဲ့ဘူး ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်အချို့က ပြောသည်။

ထောင်ဝင်စာ ပါဆယ်ပစ္စည်းများကို အကျဉ်းသား/အကျဉ်းသူများ အတွက် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များ တွင် စစ်ဆေးလက်ခံသွားမှာဖြစ်ပြီး အချုပ်သား/အချုပ်သူများ၏ ပါဆယ်ပစ္စည်းများကိုမူ အပတ်စဉ် အင်္ဂါနှင့် ကြာသပတေးနေ့ တို့တွင်သာ ၂ ရက်တာ လက်ခံခွင့်ပြုပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။

နေ့စဉ် နံနက် ၇ နာရီခွဲမှ ၁၁ နာရီ အထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ မှ ညနေ ၄ နာရီ အချိန်ထိ တစ်ကြိမ် အချိန် သတ်မှတ်ထားသည်။

ထားဝယ်အကျဉ်းထောင် အပါအဝင် တနိုင်ငံလုံးရှိ အကျဉ်းထောင်များအားလုံး၏ ထောင်ဝင်စာ ပါဆယ်ပေးပို့ခွင့် ကို ယခုလ ၁၉ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန် – အင်းစိန်ထောင်၌ ပါဆယ်ထုပ် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးသည့် အချိန်မှ စတင်ကာ စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်သည်။

အင်းစိန်ထောင်ရှိ ထောင်ဝင်စာ ပါဆယ်ပစ္စည်းလက်ခံရာ ဌာနတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့ရာ တွင် အကျဉ်းထောင် ဝန်ထမ်းများ အပါအဝင် သေဆုံးသူ ၈ ဦး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ၁၈ ဦး ရရှိခဲ့သည်။