ဓလေ့မှားများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားစေသည်ဟု အမျိုးသမီးအဖွဲ့များ ပြော
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားဆောင်ရွက်မှုကို နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ဒီနှစ်မှာလည်း ပြန်လည်လုပ်ဆောင်နေကြပါတယ်။ ၁၆ ရက်တာ လုပ်ရှားမှုကို တစ်နှစ်ပြီးတစ်နှစ် လုပ်ဆောင်နေတာက မြန်မာနိုင်ငံအပြင် ကမ္ဘာတစ်ဝှမ်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်ရှိနေသေးတာကြောင့်လို့ အမျိုးသမီးအရေး လှုပ်ရှားနေသူတွေဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာရော ဘယ်လိုအခြေအနေမျိုးတွေ ဆက်ရှိနေသေးလဲဆိုတာကို တင်ဆက်ပေးထားပါတယ်။