နမ့်ဆန် ကုန်းသာတိုက်ပွဲနဲ့ စစ်ဘေးရှောင်တွေရဲ့ နောက်ဆုံး အခြေအနေ ဆက်သွယ်မေးမြန်းချက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဒီဇင်ဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာတွင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ဒေသခံ ၁ သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့အတွက် ဒေသခံ ထောင်နဲ့ချီလည်း စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခက်အခဲ အမျိုးမျိုးနဲ့ ကြုံတွေ့နေကြရပါတယ်။
လက်ရှိတိုက်ပွဲ အခြေအနေ၊ အိမ်မီးလောင်မှု ဖြစ်စဉ် အသေးစိတ်နဲ့ လက်ရှိ စစ်ဘေးရှောင်တွေရဲ့ နောက်ဆုံး အခြေအနေတွေကို တအာင်းအရပ်ဖက်အဖွဲ့အစည်းက တာဝန်ရှိသူ တစ်ဦးကို သတင်းနှင့် မီဒီယာ ကွန်ရက် (NMG) က ဆက်သွယ်မေးမြန်းထားပါတယ်။