တိုင်းရင်းသား မီဒီယာ အချို့ အာဏာသိမ်းပြီးနောက်ပိုင်း ပျောက်ကွယ်
အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေး အခြေအနေနှင့် ရပ်တည်မှု အခက်အခဲတွေကြောင့် တိုင်းရင်းသား မီဒီယာတစ်ချို့ ပျောက်ကွယ်သွားတယ်လို့ တိုင်းရင်းသား သတင်းဌာနများနှင့် ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ မြန်မာ သတင်း BNI က ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာလကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ “စစ်အာဏာသိမ်း ကာလအတွင်း တိုင်းရင်းသား မီဒီယာများကို လေ့လာခြင်း” နှင့် “စစ်အာဏာရှင်စနစ် အဓွန့်ရှည် ရေးအတွက် အသုံးချခံ ငြိမ်းချမ်းရေး” စာတမ်းမိတ်ဆက်ပွဲ အခမ်း အနားတွင် ပြောဆိုလိုက်တာဖြစ်ပါတယ်။