တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၉ – ၁ – ၂၃ )
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ရှိ ဂိတ် ၃ ဂိတ်ကို တရုတ်နိုင်ငံဘက်ခြမ်းက ပြန်လည်ဖွင့်လှစ်ဖို့ တရားဝင်ထုတ်ပြန်လိုက်ပေမဲ့ မြန်မာဘက်က တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးတာကြောင့် အချိန်မီ ဂိတ်မဖွင့်နိုင်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်တွေနဲ့ပစ်ခတ်တဲ့အတွက် ဒေသခံအမျိုးသမီးတစ်ယောက်သေဆုံးခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားမီဒီယာတချို့ လုံခြုံရေး အခြေအနေနဲ့ ရပ်တည်မှုအခက်အခဲတွေကြောင့် ပျောက်ကွယ်သွားတယ်လို့ တိုင်းရင်းသားသတင်းဌာန ၁၅ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာမြန်မာသတင်း BNI က ပြောဆိုလိုက်ပါတယ်။