ဆိုင်ကယ်ထိုင်ခုံအောက်တွင် ပါသော ဗုံးပေါက်ကွဲ၊ လူ ၂ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်။

ဆိုင်ကယ်ထိုင်ခုံအောက်တွင် ပါလာသည့် ဗုံးပေါက်ကွဲပြီး မြိတ်မြို့နယ်အတွင်း လူ ၂ ဦး သေဆုံးသွားသည်ဟု ဒေသခံများ က ပြောသည်။

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ မရင်းကျေးရွာအနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား ခဲ့သည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာခဲ့သော အမျိုးသားတစ်ဦးက “ပေါက်ကွဲသံ ကြားတော့ ကျနော်တို့က အဝေးမှာပဲ ရှိသေးတယ်။ ၅ မိနစ်လောက်ကြာ အဲဒီနားရောက်တော့ အလောင်းတွေ က လာသယ်သွားကြာပြီ။ ပေါက်ကွဲတဲ့ လမ်းနေရာမှာက မဲတူးနေတော့ ဗုံးကွဲတယ်လို့ ယူဆလို့ရတာပေါ့။ ဆိုင် ကယ် ပျက်စီးသွားတဲ့ ပုံအရတော့ ဗုံးက ဆိုင်ကယ်နဲ့ ပါလာတာပဲ ထင်ပါတယ်။ အဝေးက လှမ်းပစ်ရအောင် လည်း မတိကျနိုင်ဘူးလေ” ဟု ပြောသည်။

မြိတ်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးသည် ဇန္နဝါရီလ ၂၅ ရက်နေ့၊ နေ့လည် ၁ နာရီခွဲ အချိန်ခန့်၌ မရင်းကျေးရွာ လမ်းပိုင်းတစ်နေရာ အရောက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆိုင် ကယ်တွင် လိုက်ပါလာသည့် အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု ကျေးရွာနေ ပြည်သူများက ပြော သည်။

ပေါက်ပွဲသည့် ဗုံးမှာ ဆိုင်ကယ်၏ ထိုင်ခုံအောက် (Tool Box) နေရာတွင်ထည့်၍ သယ်လာခဲ့ခြင်း ဖြစ်ပြီး ရုတ်တ ရက် ထပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သူ အချို့က ပြောသည်။

ထို့သို့ ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်အောက်ခံ ရဲတပ်ဖွဲ့တပ်ဖွဲ့များ ရောက်ရှိ လာပြီးနောက် မပေါက်ကွဲသေးသည့် ဗုံး ၁ လုံးအား လာရောက် သယ်ဆောင်သွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မျက်မြင်တွေ့ရှိခဲ့သူ အချို့နှင့် ကျေးရွာနေပြည်သူများကို မေးမြန်းရာတွင်လည်း သေဆုံးသွားသူ ၂ ဦးမှာ အသက် ၂၀ ဝန်းကျင်အရွယ် ဟု ယူဆရပြီး မျက်နှာတစ်ခုလုံး ပျက်စီးသွားသည့်အတွက် မည်သည့် ကျေးရွာက မည်သူမည်ဝါ၊ မည်သည့် အဖွဲ့အစည်းမှ ဖြစ်သည်ကို မသိနိုင်ဘူးဟု ပြောသည်။

အလားတူ မြိတ်မြို့နယ်အတွင်းရှိ မြေအောက်တော်လှန်ရေး (UG) အဖွဲ့များအား ဆက်သွယ်မေးမြန်းရာတွင် လည်း ၎င်းတို့ လက်ချက်မဟုတ်ကြောင်းနှင့် ယမန်နေ့က စစ်ဆင်ရေး (Mission) များလည်း စီစဉ်ထားခြင်း မရှိ ဘူးဟု ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် မဇောကျေးရွာအုပ်စုတွင် ယခင်က တိုက်ပွဲများ၊ ပြောက်ကျား စစ်ဆင်ရေး ဖော်ဆောင်မှု များ မရှိခဲ့သော်လည်း ၎င်းနှင့် ကပ်လျက်ရှိသည့် တုံးဗျောကျေးရွာနှင့် ကင်းတပ်ကျေးရွာတို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လနှင့် နိုဝင်ဘာလများ၌ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပြောက်ကျား တိုက်ခိုက်မှုများကြောင့် ပျူစောထီး ၂ ဦး၊ အုပ်ချုပ်ရေးမှူး ၁ ဦး နှင့် စစ်ကောင်စီတပ်သား အချို့ ထိခိုက်မှုရှိခဲ့သည်။

ထိုပေါက်ကွဲသေဆုံးမှုအား စစ်ကောင်စီ၏ ဝါဒဖြန့် စာမျက်နှာများတွင် “အပြစ်မဲ့ပြည်သူကို လုပ်ကြံသတ်ဖြတ်ဖို့ ဗုံးထောင်ရန် လာရောက်စဉ် ပေါက်ကွဲမှုကြောင့် ပဒတ်စုပ်နှစ်ကောင် ငရဲသို့သွား” ဟူ၍ ရေးသားဖော်ပြထား သည်။

သို့သော် သတင်းနှင့် မီဒီယာကွန်ရက် အနေဖြင့် သေဆုံးသွားသူ ၂ ဦးမှာ မည်သည့်အဖွဲ့အစည်းက ဖြစ်သည်ကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်သည်။