ကော့ကရိတ်၊ ကျုံးဒိုးတိုက်ပွဲ စစ်ကောင်စီ ၉၀ ကျော်ကျဟု ဆို

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကျေးရွာတွေထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်ပူးပါင်းတပ်ဖွဲ့တွေအကြား ဇန္နဝါရီလ ၂၆ ရက်နေ့အထိ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က အယောက် ၉၀ ကျော်ကျဆုံးမှုရှိတယ်လို့ ပြောပါတယ်။