ပဲခူူးတိုင်းအတွင်း ပျူစောထီးနှင့် ပြောက်ကျားအဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်.
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်နှင့် ဖြူးမြို့နယ်တို့အတွင်းရှိ ပျူစောထီးခေါင်းဆောင်နှင့် စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူးတို့ကို နန်းထိုက်အောင် စစ်ဆင်ရေး တစိတ်တပိုင်းအဖြစ် နှစ်ရက်ဆက်တိုက် ပစ်ခတ် ရှင်းလင်းခဲ့ကြသည် ဟု Bago Region PDF က ထုတ်ပြန်ထားသည်။

တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ ပျူစောထီးခေါင်းဆောင် ခြံတစ်ရာမြင့်သိန်း ဆိုသူအား ထန်းတပင်မြို့နယ် ပကဖ (ဖီးနစ်အဖွဲ့) က ဖေဖော်ဝါရီလ ၂ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ပျူစောထီးခေါင်းဆောင် ခြံတစ်ရာမြင့်သိန်းဆိုသူမှာ စစ်ကောင်စီ၏ တပြေးစခန်းထဲ ဝင်ပြေးစွာရာ ဖီးနစ်အဖွဲ့က လိုက်လံ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည့်အပြင် အဆိုပါ စစ်ကောင်စီတပ်စခန်းထဲမှာ ပြန်လည်ပစ်ခတ်မှုများ ပြုလုပ် ခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

ခြံတစ်ရာ မြင့်သိန်းဆိုသူသည် တပြေး စစ်ကောင်စီတပ်စခန်းအနီးတွင် နေထိုင်ကြသည့် ပြည်သူလူထုပိုင် မြေ ကွက်များကို မတရားသိမ်းဆည်းကာ စစ်မှုထမ်းဟောင်းအမည်ခံ၍ စစ်တပ်နှင့် ပူးပေါင်းပြီး ခြံ (၁၀၀) ကို မောင် ပိုင်စီး ဦးဆောင်လုပ်ကိုင်နေသူဖြစ်သည်။

အလားတူ အမှန်တရားကို ချစ်မြတ်နိုးသူများအဖွဲ့ကလည်း တောင်ငူခရိုင်၊ ဖြူးမြို့နယ်ထဲက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်းဆိုသူ ကို နန်းထိုက်အောင်စစ်ဆင်ရေး တစိတ်တပိုင်းအနေဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ သေးသည်။

ဖြူးမြို့နယ်-ပကဖ တာဝန်ရှိသူတစ်ဦးက ”ညွန့်ဝင်းဟာ တော်လှန်ရေးအဖွဲ့အစည်းများ၏ သတင်းတွေကို စစ် ကောင်စီဆီ ပို့နေတာရယ် စစ်ကြောင်းတွေထွက်ရင် လမ်းလိုက်ပြတာရယ် ပြည်သူတွေကို အနိုင်ကျင့် ဗိုလ်ကျ နေတာသိလို့ လုပ်လိုက်တာပါ” ဟု ပြောသည်။

ဖြူးမြို့နယ်၊ မြပဲခူးကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း ကို ဖေဖော်ဝါရီ ၁ ရက်နေ့၊ ညနေ ၃ နာရီအချိန်က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဖြူးမြို့နယ်-ပကဖ အမှန် တရားမြတ်နိုးသူများအဖွဲ့ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဆင်ရေးတွင် အုပ်ချုပ်ရေးမှူးညွန့်ဝင်းမှာလည်း နေရာ၌သေဆုံးသွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် များက ဘေးအန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေး ဦးညွန့်ဝင်းသည် တော်လှန်ရေးအဖွဲ့အစည်းများ၏ သတင်းများကို စုံစမ်း၍ စစ် ကောင်စီထံ ပေးပို့ခြင်း၊ စစ်ကောင်စီ၏ စစ်ကြောင်းများတွင် ကိုယ်တိုင် လိုက်ပါဆောင်ရွက်ခြင်း၊ ပြည်သူလူထု အား စစ်တပ်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျခြင်းများကို လုပ်ဆောင်လျက်ရှိသူ တစ်ဦး ဖြစ်သည်ဟုလည်း ဆို သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ပစ်ခတ်ရှင်းလင်းခံရလိုက်ရသည့် ပျူစောထီးခေါင်းဆောင် ခြံတစ်ရာမြင်သိန်း ဆိုသူမှာလည်း သတင်းပေးပို့ခြင်းများ၊ စစ်ကောင်စီနှင့် အကျိုးတူ စီးပွားရေးများ လုပ်ဆောင်နေသည့်အပြင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးထောင်ချခြင်းမကို ကျူးလွန်သူဖြစ်သည်ဟု Bago Region PDF ၏ ထုတ်ပြန် ချက်ထဲတွင် ထည့်သွင်းထားသည်။

အလားတူ ဇန္နဝါရီလ ၂၈ ရက်နေ့၊ ညနေ ၃ နာရီ အချိန်ခန့်ကလည်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပိန်းဇ လုတ်မြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ – ၂၆၄ တပ်အတွင်းသို့ ညောင်လေးပင်မြို့နယ်-ပကဖ နှင့် ကျောက် တံခါးမြို့နယ်-ပကဖ တို့ပူးပေါင်းကာ M79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သေးသည်။

ဓါတ်ပုံ – စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းပုံ