အရပ်သား ၅၀ ကျော်ကို စစ်ကောင်စီတပ် ဖမ်း၊ နေအိမ်အချို့ မီးရှို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။

အရာတော်မြို့ပေါ်က လယ်တီရပ်ကွက်နေ ဒေသခံပြည်သူ အယောက် ၅၀ ကျော်ကို စစ်တပ် ဖမ်းဆီးထားပြီး နေအိမ်အချို့ကို မီးရှို့ခဲ့သည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်ရှိ လယ်တီရပ်ကွက်က ဒေသခံ ၅၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ သည့်အပြင် ရပ်ကွက်ထဲက နေအိမ်အချို့ကိုလည်း မီးရှို့ခဲ့သည်ဟု မြို့ခံများက ပြောသည်။

အရာတော် မြို့ခံတစ်ဦးက “ရပ်ကွက်ထဲကို ကား ၇ စီးနဲ့ ဝင်လာတယ်။ သေနတ်တွေ ပစ်ဖောက်ပြီး ဝင်လာတာ။ ရပ်ကွက်ထဲ လမ်း တစ်လျှောက်မှာရှိတဲ့ နေအိမ်တွေထဲက ပစ္စည်းတွေ ယူပြီးမှ မီးရှို့တာလို့ ကြားတယ်” ဟု ပြော သည်။

အရာတော်မြို့၊ အမှတ် ၁ နယ်မြေ၊ လယ်တီရပ်ကွက်ကို စစ်ကောင်စီတပ်သား အင်အား ၁၅၀ ဝန်းကျင်ခန့်က ဖေ ဖော်ဝါရီလ ၁၇ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်အချိန်က ဝင်ရောက်လာပြီးနောက် ရွာသားများကို ဖမ်းဆီးကာ နေ အိမ်များကို မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။

လယ်တီရပ်ကွက်အတွင်းက ရပ်ကွက်နေပြည်သူ ၅၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က လယ်တီရပ်ကွက် စာ သင်ကျောင်းထဲတွင် ဖမ်းဆီးထားသည့်အတွက် မီးငြိမ်းမည့်သူ မရှိခဲ့ခြင်းကြောင့် ည ၈ နာရီကျော် အချိန်ထိ မီး မငြိမ်းနိုင်ခဲ့ကြဘူးဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည့် လက်တီရပ်ကွက်ရှိ နေအိမ်များကို မီးရှို့ခဲ့ရာ ထက် ဝက်ခန့် မီးလောင်ပျက်စီးသွားပြီဟု ခန့်မှန်းပြောဆိုနေကြသော်လည်း စာရင်းအတိအကျကိုမူ မသိရသေး ပေ။

ရပ်ကွက်အတွင်းက အခြားပြည်သူများလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာသည့်အတွက် ဘေးလွတ် ရာသို့ ထွက်ပြေးနေကြရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ ညနေ (၅)နာရီခွဲအချိန်က လယ်တီရပ်ကွက်ထဲ ဝင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် များမှာ အရာတော် အမှတ် (၁၀) လေ့ကျင့်ရေးတပ်က ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် လယ်တီရပ်ကွက်နေ ပြည်သူများကို ယနေ့အချိန်ထိ ပြန်လွှတ်ခြင်း မရှိ သေးသောကြာင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။ ယခုဖမ်းဆီးခံထားရသည့် လယ်တီရပ်ကွက်က ဒေသခံ ၅၀ ကျော်ကို မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးထားသည်ကိုလည်း မသိရသေးဘူးဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်အချိန်တွင် အရာတော်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ လေ့ကျင့် ရေးကွင်းကို PDF ပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ တိုက်ခိုက်ခံရပြီး တပတ်ခန့်အကြာတွင် အဆိုပါ လေ့ကျင့်ရေးတပ်က စစ်သားများက လယ်တီရပ်ကွက် အတွင်းဝင်လာကာ နေအိမ်များမီးရှို့ခြင်း၊ ရပ်ကွက်နေပြည်သူများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်း ဖြစ် သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ စစ်ကောင်စီလေ့ကျင့်ရေးကွင်းကို PDF အဖွဲ့များက ၈၀ မမ ကျည်များဖြင့် သွား ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု PDF တပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။