ဝက်လက်တွင် ကျေးရွာများ နှစ်ရက် ဆက်တိုက် မီးရှို့ခံနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်။

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းက ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့ သည် ဟု ဒေသခံများက ပြောသည်။

ကျီးကန်ရွာ တောင်/မြောက် ကျေးရွာ ၂ ရွာကို မတ်လ ၂ ရက်နေ့က မီးရှို့ခဲ့သည့်အပြင် မတ်လ ၃ က်နေ့တွင် ကျီး ကန်တောင်/မြောက်ရွာ၊ စိုင်နိုင်ကြီးကျေးရွာ၊ စိုင်နိုင်လေးကျေးရွာ၊ ဘုံးဘွဲ့ကျေးရွာတို့အား မီးထပ်မံရှို့ခဲ့ခြင်း ဖြစ်သည်။

မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက “ကျီးကန် မြောက်ရွာက တော်တော်လေးများတယ်။ တောင်ရွာက တော့ သိပ်မပါဘူး။ အတိအကျတော့ မပြောတတ်ဘူး။ အဲ့ပြီးတော့ စိုင်နိုင်ကြီး၊ စိုင်နိုင်လေးမှာ မီးရှို့တယ်။ နောက်ပြီး ဘုံးဘွဲ့မှာလည်း ရှို့တယ်တဲ့။ ဖြစ်ပျက်နေတာတော့ အဲ့ဒါပါပဲ။ အရှေ့စစ်ကြောင်းက ဝက်လက်ဘက် ကနေပြီးတော့ သွားတဲ့စစ်ကြောင်းက ရွာသာကြီးမှာ ထိုင်နေတယ်။ တခါ ရွှေဘိုကနေ ဆင်းလာတဲ့ စစ်ကြောင်း က မြောက်ကနေ ဒီရှေ့ရက်က အောင်ချမ်းသာတို့ ဘာတို့ကိုရှို့ခဲ့တာ။ အဲ့ဒီအောင်ချမ်းသာမှာလည်း မိုင်းမိသေး တယ်” ဟု ပြောသည်။

ကျီးကန်တောင်ကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်သွားပြီအထင်နှင့် ကျေးရွာထဲသို့ မီးငြိမ်းသတ်ရန် ဝင် သွားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က ၆ ဦး စစ်ကောင်စီ ကင်းပုန်းအဖွဲ့နှင့်တွေကာ အသတ်ခံ လိုက်ရသည်။

ထို့အပြင် ကျန်းမာရေးမကောင်း၍ မပြေးနိုင်ဘဲ နေအိမ်တွင် ကျန်ခဲ့သည့် အသက် ၆၀ ကျော်အရွယ် အမျိုးသား ကြီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်က အရှင်လတ်လတ် မီးရှို့သတ်သွားသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အုတ်ဖိုဘုန်းကြီးကျောင်းထဲ စစ်တပ်က ရောက်လာတာ တစ်နာရီခွဲ နှစ်နာရီလောက်မှာ ကျီး ကန်တောင်ရွာကို ဝင်တယ်၊ ကျီးကန်တောင်ရွာက အရှေ့ဘက်က အိမ်လေးတွေကို မီးရှို့တယ်။ အဲ့မှာ ကင်းပုန်း ကလည်း ချန်ခဲ့တာ။ အဲ့ဒါကိုမသိတဲ့ ဒီဘက်က (PDF) က တိုးတော့ ပကဖ ဘက်က နှစ်ယောက်၊ ကျီးကန် တောင်ရွာ ပကဖ ဘက်က နှစ်ယောက်၊ ကျီးကန် မြောက်ရွာက ဘိုးတော်ကြီးတစ်ယောက်၊ အိမ်တွေ မီးလောင် တော့ မပြေးနိုင်လို့ မီးလောင်ပြီး သေသွားတာ။ နောက်ပြီး ဒီပကဖ ၃ ယောက်ကိုလည်း ကင်းမှူးအိမ်နားမှာတင် မီးရှို့သွားတယ်” ဟု ပြောသည်။

သေဆုံးသူများမှာ ကျီးကန်မြောက်ရွာသား ဦးကျော်အေး၊ ကျီးကန်တောင်ရွာသားများဖြစ်သည့် ဦးနိုင်မျိုးမင်း၊ ဦးစိုးတင့်တို့ အပြင် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပ.က.ဖ) အဖွဲ့ဝင် ကျီးကန်တောင်ရွာသား ဦးဘိုသန်းနှင့် ဦးမင်း မင်း၊ အခြား ပ.က.ဖ အဖွဲ့ဝင်များဖြစ်သည့် လှတောရွာသား ဦးချူနှင့် ကိုတူးနိုင်တို့ ဖြစ်ကြသည်။

စစ်ကောင်စီ စစ်ကြောင်းသည် မတ်လ ၃ ရက်နေ့တွင် စိုင်နိုင်ကြီး၊ စိုင်နိုင်လေးကျေးရွာတို့အပြင် ဘုံးဘွဲ့ကျေးရွာ အား ဆက်လက်မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကျီးကန်တောင်/မြောက်ကျေးရွာ၊ စိုင်နိုင်ကြီးကျေးရွာ၊ စိုင်နိုင်လေးကျေးရွာ၊ ဘုံးဘွဲ့ကျေးရွာတို့အား မီးရှို့ခဲ့သည့် စစ်ကြောင်းမှာ အရာတော်မြို့နယ်တွင် မီးရှို့ခဲ့သော စစ်ကောင်စီစစ်ကြောင်းဖြစ်ပြီး အင်အား ၇၀ ခန့်ပါသည်။

အဆိုပါစစ်ကြောင်းသည် မတ်လ ၃ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်တွင် ရွှေဘိုမြို့အဝင် တဂဏန်းကျေးရွာ ပစ်ခတ်ဝင်ရောက်သွားစည်ဟု ဆိုကြသည်။

အလားတူ မုဆိုးခြုံနှင့် အောင်ချမ်းသာကျေးရွာများအား မီးရှို့ခဲ့သော စစ်ကောင်စီ စစ်ကြောင်းမှာ ဝက်လက်မြို့ ပေါ်၌ ရောက်နေပြီး အင်အား ၆၀ ခန့်ရှိနိုင်သည့်အပြင် လှတောဖက်တွင် ဝင်ရောက်မွှေနေသော စစ်ကြောင်းမှာ ရသာကြီး၌ ရှိနေပြီး အင်အား ၁၅၀ ခန့်ရှိမည် ဟု မြေပြင်သတင်းအရင်းအမြစ်က ခန့်မှန်းပြောဆိုသည်။