ရွှေတူးမှုကြောင့် ဧရာဝတီ မြစ်လယ် သောင်ထွန်း၊ ရေလမ်းပြောင်း
မြန်မာနိုင်ငံရှိ မြစ်ချောင်းတွေပေါ်မှာ တည်ဆောက်မယ့် အကြီးစား ရေအားလျှပ်စစ်စီမံကိန်းတွေအပြင် စက်ယန္တ့ရားကြီးတွေနဲ့ ရွှေတူးဖော်နေမှုတွေက မြစ်ဝှမ်းဒေသရှိ သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူတွေအတွက် ဆိုးကျိုးတွေရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့မှာ မြစ်ချောင်းများလေ့လာစောင့်ကြည့်နေသူတွေက ဆိုပါတယ်။ လက်ရှိ ကချင်ပြည်နယ်ထဲမှာလည်း ဧရာဝတီမြစ်လယ်အထိ ရွှေတူးဖော်နေမှုတွေကြောင့် မြစ်လယ်မှာ သဲသောင်တွေထွန်းတဲ့ အခြေအနေတွေဖြစ်နေလို့ ဒေသခံတွေက ပြောပါတယ်။