ရွှေကူတွင် ရွာပေါင်း ၃၀ ကျော်က ရွာသားများ ထွက်ပြေးနေရ
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့သလို လေယာဉ်နဲ့လည်း ဗုံးကြဲတာကြောင့် လူနေအိမ်တွေ ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ရွှေကူဒေသခံတွေက ပြောပါတယ်။