တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၈ – ၅ – ၂၀၂၃ )
ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ဧပြီလအတွင်းမှာ တိုက်ပွဲပေါင်းအကြိမ် ၅၀ ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ထဲမှာ လူသတ်မှု၊ ငွေညစ်မှု၊ ပြန်ပေးဆွဲမှုနဲ့ လုယက်မှုတွေကို ကျူးလွန်တဲ့လူငယ် ၄ ယောက်ကို သေဒဏ်ချမှတ်လိုက်တယ်လို့ The Kokang က သတင်းထုတ်ပြန်ထားပါတယ်။
လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေကို ထိန်းကျောင်းပေးမယ့် အမှီအခိုကင်းတဲ့ ကိုယ်တိုင်ထိန်းညှိမှုယန္တရား(Self-regulatory Body) တစ်ခုကိုဖွဲ့စည်းဖို့ အဋ္ဌမအကြိမ် တိုင်းရင်းမီဒီယာညီလာခံမှာ သဘောတူညီခဲ့ကြပါတယ်။