တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ်  ( ၁၅ – ၅ – ၂၀၂၃ )

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေထဲမှာ အခုနှစ် ပထမ လေးလပတ်အတွင်း စစ်ကောင်စီနဲ့ BGF ဘက်က တပ်ရင်းမှူး ၄ ‌ယောက် အပါအဝင် လူပေါင်း ၁,၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ရဲ့ အမှတ်တံဆိပ် လိုဂိုကို အသုံးပြုပြီး လုပ်ငန်းရှင်တွေဆီ စာပို့ကာ ခြိမ်းခြောက် ငွေတောင်းခံမှုတွေရှိနေပါတယ်။ 

၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး(KNU)ကွန်ဂရက်အပြီး ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အချက်တွေဟာ အပြုသဘောမဆောင်ဘဲ NCA ပြဋ္ဌာန်းချက်တွေကို ဆန့်ကျင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းကို ဦးတည်နေတယ်လို့  စစ်ကောင်စီက စွပ်စွဲပြောဆိုလိုက်ပါတယ်။