BNI အဖွဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် ယဉ်ကျေးမှု ဆုရွေးချယ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်။

တိုင်းရင်းသား မီဒီယာအဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာ့သတင်း BNI သည် Edita and Ira Morris Hiroshima Foundation က ပေးအပ်သည့် ငြိမ်းချမ်းရေးနှင့် ယဉ်ကျေးမှုဆု Peace and Culture ကို ဆုကို ရရှိခဲ့သည်။

ငြိမ်းချမ်းရေးနဲ့ ယဉ်ကျေးမှုဆုကို ဖောင်းဒေးရှင်း ဘုတ်အဖွဲ့များ၏ စောင့်ကြည့် ရွေးချယ်မှုနှင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု BNI အဖွဲ့၏ မန်းနေးဂျင်း ဒါရိုက်တာ ဒေါ်တင်တင်ညိုက ပြောပါတယ်။

“အဆိုပြုတာကနေ သွားတာမဟုတ်ဘဲနဲ့ သူတို့ အနေနဲ့က ဒါ BNI ကနေပြီးတော့မှ ထုတ်လုပ်တဲ့ သတင်းအချက် အလက်တွေကို သူတို့ စောင့်ကြည့်တယ်။ စောင့်ကြည့်ပြီးတော့မှ ခုနက ပြောတဲ့ ဒီငြိမ်းချမ်းရေးကို ရှေးရှုတဲ့ နောက်ပြီးတော့ ရိုးရာယဉ်ကျေးမှုတွေကို ဖော်ထုတ်သတင်းတွေ တိုင်းရင်းသားတွေရဲ့အရေး ကိစ္စရပ်တွေကို လည်း ကျမတို့တွေ့တော့ စဉ်ဆက်မပြတ်ရေးသားတယ် ဆိုတဲ့ဟာလေးတွေကို သူတို့က မြင်တယ်ပေါ့နော်။ အဲ့ ဒီအပေါ်မှာ သူတို့ကြည့်ပြီးတော့မှပဲ သူတို့ရဲ့ ဘုတ်အဖွဲ့ကနေပြီးတော့ ရွေးချယ်ဆုံးဖြတ်လိုက်တဲ့ သဘောလို့ သူ တို့က ရှင်းပြပါတယ်။”

BNI သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် သတင်းဆောင်းပါးများ သာမက လူ့အခွင့်အရေး၊ ဒီမို ကရေစီ အရေးတို့ကို အခြေခံကာ မတူကွဲပြားသည့် လူမျိုးစုများ၏ အသံ၊ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ် ပေးနေသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် Edita and Ira Morris Hiroshima Foundation ဘုတ်အဖွဲ့က ဆုပေး ခဲ့ခြင်း ဖြစ်သည်ဟု BNI ၏ မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌ နန်းဖော့ဂေ က ပြောသည်။

“မတူကွဲပြားတဲ့ တိုင်းရင်းသား ဘာသာစကားဆိုတော့ ဒါယဉ်ကျေးမှုနဲ့ ဆက်စပ်တာပေါ့နော်။ နောက်တစ်ခု က လည်း နိုင်ငံတကာ သိအောင်လည်း တိုင်းရင်းသားဒေသက သတင်းတွေကို တစ်နိုင်ငံလုံးက သတင်းတွေကို အင်္ဂ လိပ်လို ဘာသာပြန်ပြီးတော့ ဒါ International Audience တွေကိုပေါ့နော။ နိုင်ငံတကာက ပြည်သူတွေကိုလည်း အသိပေးတာ လုပ်တဲ့အခါကျတော့ အဲဒါကို သူတို့က အသိအမှတ်ပြုတဲ့ အတွက်ကြောင့်မို့လို့ ရွေးချယ်ပြီးတော့ ဒီဆုကို ပေးတယ်လို့ ပြောတယ်ပေါ့နော်။“

Edita and Ira Morris Hiroshima Foundation for Peace and Culture ၏ မေလ ၁၅ ရက်နေ့ ထုတ်ပြန် ချက်ထဲ တွင် BNI သည် တိုင်းရင်းသား သတင်းဌာန ၁၅ ဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့် သတင်းအဖွဲ့ အစည်းဖြစ်ကာ နိုင်ငံ အတွင်းနှင့် နိုင်ငံပြင်ပသို့ သတင်းများကို ရဲရင့်စွာ တင်ဆက်နေပြီး ရက်စက်ကြမ်း ကြုတ်မှုများနှင့် လူသား မျိုး နွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား သတင်းများကို ရေးသားဖော်ပြနေသကဲ့သို့ နိုင်ငံတကာ ပရိသတ် များအတွက်လည်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီး တင်ဆက်နေခြင်းဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ထို့အပြင် BNI ၏ နှစ်အတော်ကြာအောင် ငြိမ်းချမ်းရေး တည်ဆောက်မှု အားထုတ်မှုများအပြင် အထူးသဖြင့် ၂၀၂၁ ဖေဖော်ဝါရီ၌ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ် ပါ ဝင်မှုများအတွက် ဟီရိုရှီးမားဆုကို ချီးမြှင့်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားသည်။

ဒေါ်တင်တင်ညိုက “အဓိကကတော့ BNI နဲ့ BNI အဖွဲ့ဝင်တွေအပြင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အတွက် ကတော့ နိုင်ငံတကာက ဒီလိုမျိုး အသိအမှတ်ပြုပေးလိုက်ခြင်းအားဖြင့် သူတို့အတွက် ရှေ့ဆက်ပေါ့နော် ဒီမြန်မာ နိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ အများကြီး သတင်းပိုင်းဆိုင်ရာကနေ တစ်ဆင့် ဖော်ထုတ်သွားလို့ရ တယ်။ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝန်းရံထောက်ခံမှုတွေ ပိုမိုရရှိအောင်လည်း လုပ်လို့ရနိုင် မယ့် လမ်းကြောင်းလေးတွေလည်း ရှိသွားမယ်ပေါ့လေနော်။ နောက်တစ်ခုကလည်း ဒီလွတ်လပ်တဲ့ သတင်း မီဒီယာတွေရဲ့ ရေရှည်ဖွံ့ဖြိုးရေးနဲ့ ရေရှည်ရပ်တည်နိုင်ရေးတွေအတွက်လည်း အများကြီး အထောက်အကူ ပြု နိုင်တဲ့ အခြေအနေ တစ်ခုရှိလာမယ့်လို့ ကျမအနေနဲ့ ဒါတွေ ယုံကြည်ပါတယ်” ဟု ပြောသည်။

ယခု ရရှိခဲ့သည့် ဆုသည် မြေပြင်တွင် လက်တွေ့ကွင်းဆင်း လုပ်ဆောင်နေသည့် အဖွဲ့အဝင် အဖွဲ့အစည်းများ ၏ သတင်းထောက်များ၊ CJ များကို ဂုဏ်ပြုခြင်း ဖြစ်သည်ဟု မှတ်ယူနိုင်သည့်အပြင် လူအခွင့်အရေး၊ ကိုယ်ပိုင်ပြ ဌာန်းခွင့်၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်အောင် လုပ်ဆောင်ရမည့် တာဝန်သည်လည်း ပို၍ရှိလာသည်ဟု BNI က ဆိုသည်။