ပဲတန်ချိန် သောင်းချီ ချိပ်ပိတ်ခံရသဖြင့် ယွမ် သိန်းတစ်ထောင် ခန့် ဆုံးရှုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ကျင်စန်းကျော့နဲ့ ထိစပ်နေတဲ့ ဝမ်တိန် တရုတ်နယ်စပ်က ပိုးမွှားအုပ်တဲ့ကုန်သိုလှောင်ရုံမှာ တရုတ်ငွေ ယွမ်သိန်းတစ်ထောင် (ကျပ်သိန်းပေါင်းလေးသိန်း) ကျော်တန်ဖိုးရှိ ပဲတန်ချိန် သောင်းချီ ချိပ်ပိတ်ခံထားရလို့ များစွာ နစ်နာဆုံးရှုံးနေရတယ်လို့ ကုန်သယ်တွေက ပြောပါတယ်။